31 May, 2009

That's that

Read in English

Google Wave
Google wave တဲ့ဆြာ။ ကြည့်ပြီးတော့ ပါးစပ်အဟောင်းသားနဲ့။ လန်းတယ်။ streamming time ကြာမှာမို့ မတင်တော့ဘူး။ link ပဲ ချိတ်ပေးလိုက်တယ်။ ကြည့်ကြည့်။

Myanmarlensman.com
မခင်မေငြိမ်း စုစည်းထားတဲ့ social network။ မြန်မာ ဓာတ်ပုံဆရာတွေ၊ ဝါသနာရှင်တွေ ပညာရှင်တွေကို တစ်စုတစ်စည်းထဲ ဖြစ်စေချင်လိုတဲ့ဆန္ဒ စေတနာနဲ့ ကြိုးစားတည်ထောင်ပေးထားတာ။ ဝိုင်းဝန်း အားပေးပြီး တစ်ပျော်တစ်ပါး ဝင်ရောက် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Google Sky Map
Android application တစ်ခု။ ခုဏမှ youtube က တဆင့်သိလိုက်တာ။ ကောင်းကင်ကြီးကို မော့ကြည့်ပြီး မြင်နေရတဲ့ ကြယ်က ဘာကြယ်၊ ဘယ်နားက ဘာ နက္ခဆိုတာတွေ ပြတာ။ အရမ်းလန်းတယ်ဗျာ။

ဆက်ဖတ်ရန်...

East Coast Hang out

Read in English

မနေ့ည နေက East Coast ကို International Students' Club က သူငယ်ချင်းတွေနဲ့ သွားတယ်။ သူတို့တွေက အဲဒီကို မနက်ကတည်းက ရောက်နေကြတာ။ မောင်အောင်သူမိုးရယ်၊ ဝကစ်ရယ်၊ မောင်Harry ရယ် က နောက်မှ ရောက်တာ။

ခဏခဏ လဲလိုက်၊ လမ်းဘေးထိုးဆင်းသွားပြီး ချုံထဲဝင်သွားလိုက်နဲ့ ဟုတ်နေရောပဲ။

ရောက်ရောက်ချင်းပဲ စကိတ်စီးမယ်ဆိုတာနဲ့ ၂ နာရီ (Inline skate) စီးကြတယ်။ ကိုမျိုးထက်နိုင် နဲ့ ဇွန်ပွင့်ကလဲ ကျနော်တို့စီးရင် စီးမယ်ဆိုပြီး အတူတူစီးကြတယ်။ ကိုမျိုးထက်နိုင်က ဒုတိယအကြိမ် သင်ယူခြင်းဆိုပဲ။ မနက်က တစ်ခေါက်စီးကြည့်သေးတယ်တဲ့။ ဒါနဲ့ ၆ ယောက်သား ကားယားကားယားနဲ့ စီးကြပါလေရော။ ဝကစ်ရယ် ကိုမျိုးထက်နိုင် နဲ့ ဇွန်ပွင့်က သင်တုန်း။ ခဏခဏ လဲလိုက်၊ လမ်းဘေးထိုးဆင်းသွားပြီး ချုံထဲဝင်သွားလိုက်နဲ့ ဟုတ်နေရောပဲ။ တစ်နာရီလောက်စီးပြီးတော့ အတူလိုက်လာတဲ့ ကျောင်းက officer ကသူ့သူငယ်ချင်းကို ကျနော်တို့နဲ့ မိတ်ဆက်ပေးတယ်။ သူ့သူငယ်ချင်းက ကျောင်းက skate club က။ ဒါနဲ့ ကျနော်တို့ ယိုင်ထိုး ယိုင်ထိုး တစ်ဖွဲ့ကို အခြေခံကစသင်ပေးတယ်။ နောက် ကျနော်ရယ် အောင်သူမိုးရယ်ကို နောက်ပြန်စီးနီး သင်ပေးတယ်။ ဟီး.. ပျော်စရာကြီး။ ဒါနဲ့ ညပိုင်း ထမင်းသွားစားကြတော့ ကျနော်တို့လဲ ပွဲကူးရဦးမှာနဲ့ နေခဲ့တယ်။

ပွဲကူးဆို တခြားတော့ မဟုတ်ဘူး၊ east coast မှာပဲ။ Tent ထိုးပြီး သူငယ်ချင်းတွေနဲ့ over night ကြတာ။ ၁၀ နာရီ ကျော်လောက်ကျ လူစစုံတယ်။ ဝကစ်၊ အောင်သူမိုး၊ ဇာနည်၊ စည်သူ၊ သက်ပိုင် နဲ့ မွေးနေ့ရှင် မောင် owen တို့အပါအဝင် တို့ကိုကြီး ကိုမြတ်မင်းဟန်လဲ လာ join တယ်။ ဒီအတိုင်းဆို ပြင်းစရာကြီး ဘာဆော့ရကောင်းမတုန်းဆိုတာနဲ့ ဖဲကို ကိုးမီးရိုက်ပြီး "True or Dare" ဆော့ကြတယ်။ ဒါပေမယ့် ယောက်ျားလေးအချင်းချင်း ဒီလူဒီလူ ဘာမှ True နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ မကျန်ဘူးဆိုပြီး "Dare or Dare" ပြောင်းဆော့တယ်။ ပွဲတစ်ခုမစခင်တိုင်းမှာ လုပ်ရမယ့်ဟာ ကြိုပြောပြီး ကျတဲ့သူလုပ်ရတာ။ =D

ဘာတွေလုပ်ကြရလဲ မှတ်မိသလောက်ပြောရရင်၊ အင်္ကျီ ချွတ်၊ အဲဒီနားက စကိတ်စီးတဲ့ လမ်းပေါ်တက်ပြီး လူရိုင်းတွေလို "အာဝူးဝူးဝူး" နဲ့ အော်ရတာပါတယ်။ ညပိုင်းလဲ ညပိုင်း၊ လူလဲရှင်းတော့ လမ်းပေါ်တက်ပြီး ဆော့ကြတာ။

"Tissue paper one dollar.." ဆိုပြီး အော်ပြီး လမ်းကို ဟိုဘက်ဒီဘက် ကူးခိုင်းတာပါတယ်။ အိမ်ကို အရက်မူးပြီး ပြန်လာပြီး ဓာတ်တိုင်ကြီးကို စကားပြောခိုင်းတာပါတယ်။

ပြီးတော့ ဟိုဘက်ဓာတ်တိုင်နဲ့ ဒီဘက်ဓာတ်တိုင် ကို မြင်းစီးသလိုလုပ်ပြီး သွားပြရတာပါတယ်။ ပြီးတော့ "Tissue paper one dollar.." ဆိုပြီး အော်ပြီး လမ်းကို ဟိုဘက်ဒီဘက်ကူးခိုင်းတာပါတယ်။ အိမ်ကို အရက်မူးပြီး ပြန်လာပြီး ဓာတ်တိုင်ကြီးကို စကားပြောခိုင်းတာပါတယ်။ ချစ်သူကို ချစ်ခွင့်ပန်ခိုင်းတာပါတယ် (ဆိုးတာက အကုန်ယောက်ျားလေးတွေဆိုတော့..)။ ပြီးတော့ လူ ၂ယောက် စစ်တိုက်နေရင်း တစ်ယောက်က ကျဆုံးသွားတာကို နောက်တစ်ယောက်က ဖက်ငိုရတာပါတယ်။ ဟီး.. အဲဒီ ဟာလုပ်တုန်းကဆို လုပ်တဲ့ကောင် ၂ ကောင်က ဝူးဗြဲ နဲ့ အော်ပြီး သစ်ပင် တစ်ပင်နဲ့ တစ်ပင်ကို ဂျွမ်းတွေဘာတွေ ကောက်ထိုးပစ်လိုက်တာ ပြီးတော့ သေရမယ့်နားရောက်တော့ ငိုရမယ့်ကောင်က အပြေးလွန်သွားတယ်။ သေမယ့်ကောင်က လှမ်းအော်တယ် " ဟေ့ကောင် ငါဒီမှာ သေမှာကွ" တဲ့။ ဟိုကောင်ကလဲ ဟုတ်ဘူး " ဒီနားလာသေ" ဆိုပဲ။ ပေါက်ကရတွေ လုပ်ပြီး ၂ နာရီကျော်လောက်ကျ ဒီအတိုင်း ဝိုင်းဖွဲ့ပြီး စကားပြောကြတယ်။ အိပ်တဲ့သူလဲ ဝင်အိပ်သွားပြီ။ မနက်လင်းတဲ့ထိ စကားတွေ ထိုင်ပြောနေလိုက်ကြတာ။


ဒါနဲ့ အစော ၆ နာရီကျော်လောက်ကျတော့ tent ခေါက်ပြီး ပြန်လာကြတော့တယ်။ ဒီလိုမျိုး သူငယ်ချင်းတွေ စုပြီး အပြင်ထွက်၊ မကမြင်းရတာ တော်တော်ကြာပြီ။ =) အိမ်ရောက်တာနဲ့ မောင်Harry ခဏနား၊ နေ့လည်စာစားပြီး ထိုးအိပ်လိုက်တာမှာ ည ၇ နာရီ တိမှ နိုးတော့တယ်။ ^_^

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...

30 May, 2009

My Brute

Read in English

ဟီး.. ခုဏက တနင်္လာနေ့ထပ်ရမယ့် report ရေးနေရင်း ပျင်းလာတာနဲ့ စကားပြောဖို့ gtalk မှာ လူလိုက်ရှာတယ်။ ရှာတော့ အကိုကြီး နှစ်ယောက် link တစ်ခု တူတူ တင်ထားတာတွေ့တယ်။ ဒါနဲ့ ကောက်နှိပ်လိုက်တော့။ အရုပ်ကလေး တစ်ရုပ် နဲ့ ချမလားပေါ့။ ကြာသလားလို့ဆိုပြီး ကျနော်လဲ character တစ်ခု create လိုက်ပြီး လိုက်ချကြည့်တယ်။ လူကတော့ ဘာမှ ထိန်းစရာမလိုဘူး။ အဲဒီ အကောင်သေးသေးလေး ၂ ကောင် ထိုင်ချနေတာကြည့်ရုံပဲ။ ဟီး.. တော်တော်အပျင်းပြေတယ်။
ချချင်ရင် ကျနော့် character လေး နှိပ်လိုက်။ တွေ့ကြမယ်။ ဟဲဟဲ.. =)

ဆက်ဖတ်ရန်...

28 May, 2009

28th May,09 Diary

Read in English

မနက် ၁၀နာရီလောက် နိုးတော့ ခေါင်းကြီးက အုံနေတယ်။ ထလိုက်တော့.. လားလား.. ဂုတ်ကြီး ခိုင်ပြီး လှည့်လို့မရဘူးဗျာ။ ဒါနဲ့ အဖွားသွားပြောတော့ အဖွားက ဆေးလိမ်းဖို့ပေးတယ်။ လိမ်းပြီးတော့ ခဏပြန်လှဲနေလိုက်တယ်။ အရမ်းကို ထုံပြီး လှုပ်လို့မရဖြစ်နေတာ။ ဒါနဲ့ နေ့လည်လောက်ကျ ရေချိုးထမင်းစားပြီး ကျောင်းကိုထွက်လာတယ်။

ဒီရက်ပိုင်း သူငယ်ချင်း Sherman ရဲ့ ကောင်းမှုကြောင့် ကျောင်းက Foodcourt 4 က ဖျော်တဲ့ လဖက်ရည်ချိုစိမ့် ဝယ်ဝယ်သောက်ဖြစ်နေတယ်။

တက်ရမယ့် Lecture တက်ပြီး ညနေကျ Final Year Project အတွက် ဆရာနဲ့ သွားတွေ့ဖြစ်တယ်။ လုပ်ရမယ့် အစီစဉ်တွေ တော့ အများကြီးပဲ။ မလုပ်ခင် သင်ရဦးမယ့် ဟာတွေလဲ တပုံကြီး။ ခုလောလောဆယ်တော့ သုံးရမယ့် software တစ်ချို့နဲ့ အရင် ရင်းနှီးအောင်လုပ်နေရတယ်။

ညပိုင်းကျ International Student Club က လုပ်တဲ့ တရုတ်ဖက်ထုပ်ပွဲတော် Chinese Dumpling Festival ကိုသွားဖြစ်တယ်။ ဒီလက တရုတ်လူမျိုးတွေ ဖက်ထုပ်တွေလုပ်စားတဲ့ လဆိုပဲ။ သူ့ရဲ့ ရာဇဝင်ကိုလဲ ဟာသလေးနှောပြီး ပြတာကို ကြည့်ခဲ့တယ်။ ပြီးတော့ ဖက်ထုပ်လုပ်နည်းလဲ သင်ပေးတော့၊ မောင် Harry လဲ ဖက်ထုပ်ဝင်ထုပ်ကြည့်လိုက်သေးတယ်။ ဟီး.. ပျော်စရာတော်တော် ကောင်းတယ်။

Camera မပါသွားပေမယ့် ဖုန်းနဲ့ ရအောင်တော့ ရိုက်ခဲ့တယ်။ ဟီး.. ပုံတော်တော်များများ ဝါးနေတော့ ရှိတာပဲ တင်လိုက်ပါရဲ့။ ဒါက သင်ပေးနေတုန်းနဲ့ ဖက်ထုပ်ထုပ်ကြည့်နေကြပုံ။

ဒါက အောင်မြင်သွားတဲ့ပုံ။ ဒီ ၃ ယောက်က Mechatronics က First Year ညီအကိုတွေ။ ဘယ်ဘက်က မောင်ရဲလင်းအောင်၊ အလယ်က ကျနော့် အကိုတော် ကိုမျိုးထက်နိုင်၊ ညာဘက်ကတော့ မောင်သွေးတဲ့။ သူတို့တွေအပြင်၊ တခြား မြန်မာ ညီအစ်ကိုမောင်နှမတွေနဲ့ International Student Club က လုပ်တဲ့ ပွဲကို အတူတကွ ပျော်ပျော်ပါးပါးလာကြတယ်။ ဒီလာမယ့် စနေလဲ outing ထွက်ကြဦးမှာ။ ဟီး.. ပွဲတော့ ဆက်နေတာပဲ။

လာမယ့် အပတ် ပြီးရင် ကျောင်းက ၃ ပတ်ပိတ်ပြီ။ အချိန်ကလဲ ရှလွိကနဲပဲ။ နောက်နှစ်ဒီအချိန်ဆို ကျောင်းပြီးပြီ။ ကျောင်းစတက်ကတည်းကရယ်၊ ကျောင်းတက်နေဆဲရယ် ချခဲ့တဲ့ "ငါ ဒီ ၃နှစ်ပြီးရင်" ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်တစ်ချို့ ရဲ့ အဖြေ... နောက်နှစ်ဒီအချိန်ဆို သိရပြီ။ ကြားထဲမှာတော့ ကြိုးစားရဦးမှာပေါ့....

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...

27 May, 2009

27th May,09 Diary

Read in English

နောက်ကျခြင်း

ဒီနေ့ မနက်အတန်းက ၈နာရီရှိတယ်။ ကျောင်းကို ၈း၁၅ လောက်မှရောက်သွားတယ်။ ဖြစ်ချင်တော့ သချာင်္ဆရာကလဲ အဲလောက်ကျမှ attendance ခေါ်တယ်။ ကျနော့်ထက် နောက်ကျပြီးမှ ရောက်လာတဲ့ သူငယ်ချင်း ၂ ယောက်.. ၂ ယောက်လုံး မြန်မာသူငယ်ချင်းတွေ။ ဒါနဲ့ ဆရာက ပြုံးပြုံး ပြုံးပြုံးနဲ့ စကားတစ်ခွန်းပြောတယ်။ အဲဒီစကားက ကျနော့်အတွက်တော့ နောက်နောင် နောက်မကျအောင် အမြဲလှုံဆော်ပေးနေမယ့် စကားပဲ။ ဆရာပြောတာက..
မြန်မာနိုင်ငံလို အဝေးကြီးကနေတောင် ရောက်အောင်လာသေးတာပဲ။ ဘာလို့ ကျောင်းနဲ့ အိမ်နဲ့ အကွာအဝေးလေးကို အချိန်မှီအောင်မလာနိုင်တာလဲ။

ချစ်သူပေးတဲ့ လက်ဆောင်

ဒီနေ့ ကျောင်းဆင်းတော့ ချစ်သူနဲ့ခဏတွေ့တယ်။ မထင်မှတ်ပဲ လက်ဆောင်လေးတစ်ခုပေးတယ်။ သော့ချိတ်လေး။ မြေနဲ့လုပ်ထားတယ်။ အပေါ်မှာ ရေးထားတဲ့စာက "Angels and Demons" ထဲကလိုလိုစာ။ "သေချာကြည့်၊ ဘာရေးထားတာလဲလို့" ဆိုတာနဲ့ သေချာကြည့်လိုက်တော့မှ။ Harry တဲ့။ သြော်.. ပေါ့။ ဒါနဲ့ ပြောင်းပြန်လေး လှန်ပြတယ်။ အားးပါးး... အဟက်။ =) အဲကျမှ သဘောပေါက်တယ်။ နာမည် ၂ ခုကို ပေါင်းရေးထားတာကိုး။ ကြည့်ကြည့်။ တစ်ဖက်က Harry တဲ့ နောက်တစ်ဖက်က Hanthi တဲ့ ။ =) သဘောအလွန်ကျ၏။



ဆရာပြောတဲ့ "Knowledge"

ချစ်သူနဲ့ တွေ့ပြီးတော့ ဒီနေ့ ညနေပိုင်းကို ဆရာတစ်ယောက်ခေါ်ထားတဲ့ Meeting သွားတယ်။ အဲဒီမှာ ဆရာ စကားတွေအများကြီးပြောတယ်။ သူ့ နောက်ကြောင်း၊ ဘယ်လိုစိတ်ထားတဲ့ အကြောင်းတွေ။ ပြောသွားတာတွေထဲမှာ Knowledge နဲ့ ပက်သတ်ပြီး ဆရာက ဒီလိုပြောတယ်။

Knowledge, I feel it's unfair for me to carry it along to where I'm going.

အဲဒါက ဆရာ ဘာကြောင့် ဆရာ လုပ်နေရလဲ ဆိုတာနဲ့ စပ်လျဉ်းပြီးပြောတာ။ ဟုတ်ပါတယ်။ အသိပညာဆိုတာ ပြန့်ပွားရတာပါ။ သေမယ့် လမ်းဆီ ဦးတည်သွားနေတဲ့ လူတွေအဖို့ အသိပညာတွေ သိမ်းထားပြီး သေရာအထိ မသိလိုက်ပဲ ပါသွားရင် နှမြောစရာ။

ဒီနေ့ စိတ်ထဲပေါ်တာတွေ ချရေးလိုက်တာ။ English လိုတော့ သူငယ်ချင်းတွေ ထပ်တောင်းဆိုလာမှပဲ ပြန်ရေးဖြစ်တော့မယ်ထင်တယ်။ (အချိန်မရှိတာရယ်၊ ပျင်းတာရယ်) ပေါင်းပြီး နောက် post တွေကို စိတ်လွတ် ကိုယ်လွတ်ပဲ ရေးတော့မယ်။ =)

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...

23 May, 2009

Wow-able

Read in English

"ကလုံ" ..... တဲ့ G-Talk မှာ ပေါ်လာတဲ့ chat box ။ ကြည့်လိုက်တော့ သာဂိတဲ့။ မောင်သာဂိ link လေးတစ်ခုချန်ခဲ့ပြီး ပျောက်သွားတယ်။ ဒါနဲ့ အဲဒီ link ကို နှိပ်ကြည့်လိုက်တယ်။ "ဟားး................................" ပါးစပ်ကြီးဟ၊ လက်လေးချောင်းလုံး ပါးစပ်ထဲထည့်ပြီး ငြိမ်နေမိတယ်။ မျက်နှာကြီး laptop ထဲဝင်မသွားရုံတမယ် တက်လာတဲ့ page ကို စိုက်ကြည့်နေမိတယ်။ ပြီးတော့ ပါးစပ်ကလဲ တ "wow" "wow" နဲ့။ ပွင့်လာတဲ့ page ရဲ့ ခေါင်းစဉ်က "I dreamt of Burma" တဲ့။ လှလိုက်တဲ့ ပုံတွေဗျာ.... ကြည့်ရင်းနဲ့ တော်တော်မျောသွားတယ်။ ကြည့်လို့ကို မဝဘူး။ မြန်မာပြည်ပြန်ချင်စိတ်တွေလဲ တဖွားဖွားကို ပေါ်လာတယ်။ Singapore မှာ ဓာတ်ပုံကို ဘယ်နားသွားရိုက်ရကောင်းမတုန်း စဉ်းစားလိုက်တိုင်း မြန်မာပြည်ကို လွမ်းတယ်။ ဟီးးး ဒီကျောင်းပိတ်ရက်တော့ ရအောင်ပြန်ပြီး ရိုက်လိုက်ဦးမယ်။ အဲဒီ link ကို သွားပြီး ခံစားကြည့်။

ဆက်ဖတ်ရန်...

Chinese Dumpling Festival

Hello fellow SP students,

International Student's club will be organizing "Chinese Dumpling Festival'' on 28th May 2009 ( Thursday ). The purposes of this event are to let the international students other than Chinese background students to understand Chinese tradition festival more and provide a bonding medium for students to know each other better so that they will not feel lonely and being neglected in Singapore. There will be a lot of activities during the event such as dumpling wrapping competition, quizzes, testing of dumpling competition and so on. Prizes will be awarded during the event. The ticket for Chinese Dumpling Festival is $3.00, which includes dinner, door gifts and so on. So, people who know this festival do come down and support us in order to promote this festival to other students and make proud of Chinese culture!!!! You will have to socialize with other international students. Do not miss this chance. Do ask your friends come along!

Those who wanna take part in this event please reply back to this email as I will take down your admin number, name, course and contact number. Hope to see u in the event.


Date: 28th may 2009 thursday
Venue: Library Quadrangle
Price: $3.00
Attired: smart casual
Deadline for registration: 25th may 2009
Time: 6.00pm to 9.30(at most)


If u have any enquiries please
contact:

jason lew : 83476522/ 97834609
keemee: 83471290
zun: 92246665

ဆက်ဖတ်ရန်...

18 May, 2009

C-Walk on Thingyan Yane-2

Another c-walk vid walked on J-Me's "Thingyan Yane-2". feat. Deliz


ဆက်ဖတ်ရန်...

13 May, 2009

The story

Read in English

မနေ့က Organizational Management အတန်းထဲမှာ သင်ရတဲ့ Lecture slide ၂ ခု။ စိတ်ထဲမှာ ထင့်နေတာလေးတွေနဲ့ တိုက်ဆိုင်သွားတယ်။ ကြည့်ကြည့်


ဆက်ဖတ်ရန်...

10 May, 2009

A special B'Day present

Read in English

ဒီနေ့ ညနေက online မှာ အမေ့ဘက်က ကြီးဒေါ် အကြီးဆုံး နဲ့ စကားပြောဖြစ်တယ်။ Connection အရ အသံက ပြတ်တောင်းပြတ်တောင်း။ ကြားတစ်ချက် မကြားတစ်ချက်ကြားက ကြားလိုက်ရတာက "သားလေး Congratulation နော်" " သားဖေဖေ က သား top 10 ဝင်တယ်ပြောတယ်။" တဲ့။ ရင်ထဲမှာ တစ်မျိုးလေး ခံစားလိုက်ရသည်။ Top 10 ဝင်တာ အရမ်းကြီးကြီး ကျယ်ကျယ် မဟုတ်လှပေမယ့် အဖေ ဂုဏ်ယူသည်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက First year, First semester ပြီးတော့ top 5 ပါသည်။ အဖေ့မျက်နှာပေါ်က ပီတိပုံရိပ် ခုထိ မြင်ရောင်ဆဲ။ နောက် semester ကျ ကျနော် အမှတ်ကျသွားတော့ မပါတော့။ အဖေ ဘာမှတော့ မပြော၊ ဒါပေမယ့် ကျနော် ခန့်မှန်းလို့တော့ရသည်။ တစ်ချက်တစ်ချက် အဖေ ပြောထွက်လာသည်။ "အဖေ ဘာမှ မလိုချင်ပါဘူး၊ သား ဆီက Honour Roll စာရွက်လေးတွေ ထပ်ရရင် ကျေနပ်ပါတယ်" တဲ့။

၁၀ တန်းတုန်းက ဆရာ ဦးဇော်လင်းထွန်း ပြောတာ အမှတ်ရသည်။ "မိဘတွေက သူတို့ဆီမှာ ရှိတာ၊ သူတို့ အောင်မြင်တာတွေထက် သားသမီးတွေ အောင်မြင်တာကို တဖွဖွ ပြောချင်ကြတယ်။ အဲဒါ သူတို့ရဲ့ ပီတိပဲ။ မိဘတွေဆိုတာ ပီတိကို စား အားရှိတယ်ကွ။ မင်းတို့တွေ မိဘကို ပြန်ပေးနိုင်တာ ခုချိန်မှာ ဒါပဲရှိတယ်။ အဲတော့ သူတို့ကို ပီတိတွေ ပေးပါ။ ပေးနိုင်အောင်လဲ ကြိုးစားပါ။" တဲ့။

ဒီလိုနဲ့ ကျနော်ဒုတိယနှစ်ရောက်တော့ ကျောင်း သင်ရိုးနဲ့ ပုံစံ ပြောင်းသွားတယ်။ Semester လိုက်ကို top 5 မပေးတော့ပဲ နှစ်ကုန်မှ top 10 ပေးမယ်လို့ ကြေညာတယ်။ တစ်နှစ်တာ လုံး ပုံမှန်ပဲလုပ်သွားတယ်။ ဒုတိယနှစ်ရဲ့ ဒုတိယ semester အမှတ်က သိပ်တော့ အကောင်းလှကြီးမဟုတ်။ ဒါပေမယ့် top 10% ဆိုတဲ့ အတွက် မျှော်လင့်ချက်တော့ရှိသေးတယ်။ အဲဒီ Top 10% စာရင်း မထွက်ခင် မစောင့်နိုင်လို့ ရုံးခန်းကို သူငယ်ချင်းတစ်ယောက်နဲ့ အတူတူသွားမေးတယ်။ သူတို့က မပြောပြချင်ဘူး။ ဒါပေမယ့် ရုံးခန်းက မိန်းမကြီးက နာမည်ပြောဆိုတာနဲ့ ကျနော်လဲ Harry လို့ ပြောလိုက်တယ်။ စာရွက်တွေ လှန်ရှာပြီးတော့ ခဏကြာတော့... ကျနော့်ကို ကြည့်ပြီး Harry @ ဇော ရီ နိုင်း ဆိုပြီး နောက်က မြန်မာနာမည်ကို မပီတပီ ရွတ်လိုက်တယ်။ သဘောပေါက်သွားပြီ။ အဲဒီအချိန်တုန်းက ခံစားမှုကို ဘယ်လိုဖော်ပြရမှန်းမသိ။ ကျနော် top 10 ပါလို့ ပျော်တာထက်၊ အဖေ့ကို ပါကြောင်းပြောပြနိုင်တော့ မယ်ဆိုတဲ့ အသိကြောင့် ပျော်တာကပိုများနေသည်။ ပထမဆုံးလုပ်တာက အဖေ့ဆီဖုန်းဆက်သည်။ အဖေနဲ့ ဖုန်းရရခြင်း ဆိုင်းမဆင့် ဗုံမဆင့် "ပါပါး သား honour roll ပါတယ်" လို့ပြောချလိုက်သည်။ ရုတ်တရက် အဖေ့ အသံတိတ်သွားသည်။ ပြီးတော့ မှ "Congratulation သား။" လို့ပြန်ပြောသည်။ အဖေ့အသံထဲမှာ ပျော်ရွှင်မှု အပြည့်ပါနေသည်ကို ကျနော်ခံစားလို့ရသည်။

မနက်ဖြန်ဆို အဖေ့မွေးနေ့၊ အဖေ့မွေးနေ့ကို ကျနော် စာရွက်တစ်ရွက်ပေးဖို့ စိတ်ကူးရှိသည်။ ဟိုရက်က ရုံးခန်းမှာ သွားထုပ်လာတဲ့ ဂုဏ်ပြုလွှာ စာရွက်။ အဲဒီစာရွက်က အဖေ့အတွက် စာရွက်တစ်ရွက်ထက်ပိုလေးနက်၏ ၊ အဓိပ္ပာယ်ရှိ၏ ၊ မေတ္တာပါ၏။ ကျနော်ပေးတဲ့ လက်ဆောင် အဖေသဘောကျမယ်ထင်ပါသည်။

မွေးနေ့မှာ ပျော်ရွှင်ပါစေ ဖေဖေ။ ။

ဆက်ဖတ်ရန်...

09 May, 2009

Photo Contests

Read in English

ဓာတ်ပုံပြိုင်ပွဲ ၂ ခုတွေ့ထားတယ်။ တစ်ခုက Singapore Heritage Fest 2009 အတွက်။ နောက်တစ်ခုက National Day Parade အတွက်။ Singapore Heritage Fest 2009 အတွက်က အိမ်နီးနားချင်း ပတ်ဝန်းကျင်က Landscape ဒါမှမဟုတ် Portrait တွေ ရိုက်ပြီး ပုံ ၆ ပုံ (အများဆုံး) ကို 1st June မတိုင်ခင်ပို့ရမှာ။ National Day Parade အတွက်ကတော့ "Come Together" ဆိုတဲ့ Theme ကို ဦးတည်ပြီး 8th June မတိုင်ခင်ပို့ရမှာ။ အဲဒါကကျ ကြိုက်သလောက်ပို့လို့ရတယ်။ စိတ်ပါရင် လက်တည့်စမ်းကြည့်။ =)

ဆက်ဖတ်ရန်...

08 May, 2009

Made in china [Episode-2]

Read in English

အပိုင်း ၁ က ရေကန်ကြီးမှာ လှေသွားစီးပြီးတော့ မောင် Harry တို့ မိသားစု ရှန်ဟိုင်းက ဟိုတယ်ကို ပြန်လာကြတယ်။ ညဘက် ထမင်းထွက်စားရင်း နှစ် ၁၀၀ လောက်ရှိပြီ ဆိုတဲ့ တံတားကြီးဆီသွားကြတယ်။ ပြီးတော့ မြို့ကြီးရဲ့ ညအလှနဲ့ ဓာတ်ပုံကို ကြိုးစားရိုက်ကြတယ်။ ဘာကြောင့် ကြိုးစားတယ် ပြောလဲဆိုတော့ အဲဒီနေရာမှာ လူတွေ ကို ပြွတ်သိပ်နေတာပဲ။ ရာသီဥတုကလဲ အရမ်းကို အေးတော့ မခံစားနိုင်ဘူး။ ဒါနဲ့ ရတဲ့ ပုံကို တင်းတိမ်ခဲ့ပြီး ညစာထွက်စားကြတယ်။ စိမ့်အေးနေတဲ့ နေရာမှာ ချွေးဒီးဒီးကျအောင် လုပ်နိုင်ခဲ့တဲ့ အဲဒီညစာကို မေ့လို့ကို မရဘူး။ ဘာတဲ့.. မာလငါးတဲ့၊ ရေလည်စပ်တယ်ဆြာ။ ဒါနဲ့ စားသောက်ပြီးတော့ ဟိုတယ် ပြန်ခဲ့တယ်။



နောက်ရက်ကို မနက်အစောထပြီး ပေကျင်းကို သွားကြတယ်။ ပေကျင်းရောက်တော့ Tour အဖွဲ့ရဲ့ guide က လာကြိုတယ်။ ကျနော်တို့မိသားစု အပြင် တခြားသူတွေလဲ ပါလာကြတယ်။ ပထမဆုံး ရှေးဟောင်းမြို့တော်ရဲ့ မုခ်ဝကြီးဆီ သွားကြတယ်။ နောက် အထဲကို ဝင်ကြည့်ကြတယ်။ အားပါးးး.. ကြီးလိုက် ကျယ်လိုက် ခမ်းနားလိုက်ပုံများ။ ဗိသုကာ အနုပညာတွေက ဟောင်းနေသည့်တိုင် ခမ်းနား လက်ရာမြောက်ပြီး ဂန္တာဝင် တွင်နေသေးတယ်။ အဲဒီ ကျယ်ဝန်းလှတဲ့ နန်းတော်ကြီးထဲမှာ လည်ပတ်ပြီးတော့ အပြန်၊ ကားစောင့်ရင်း ဆိုက်ကားစီးပါဆိုလို့ စီးခဲ့သေးတယ်။






လည်လို့ ပတ်လို့ပြီးတော့ Tour အဖွဲ့က စီစဉ်ပေးထားတဲ့ ဟိုတယ်မသွားခင် လမ်းမှာ ရေနွေးကြမ်း ရောင်းတဲ့ ဆိုင်အကြီးကြီး တစ်ဆိုင်ကို ခေါ်သွားတယ်။ အထဲမှာ တစ်ခမ်းတနား ပြင်ဆင်ထားတာတွေ့ရတယ်။ ပြီးတော့ အခန်းသေးသေးလေးထဲ အားလုံးကို ခေါ်သွားပြီး ရေနွေး ၄ မျိုးကို ရှေ့မှာတင် ကျိုပြပြီး ဘယ်ဟာက ဘာအမျိုးစားပါ၊ ဘာအတွက်ကောင်းပါတယ် ဆိုပြီးရောင်းပါလေရော။ အဲလိုနဲ့ တစ်နေ့တာ ကုန်သွားပြီး စီစဉ်ထားပေးတဲ့ ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။

အပိုင်း ၃ မျှော်... =)

ဆက်ဖတ်ရန်...

06 May, 2009

Philippines OCS sharing session

Read in English

ဒီနေ့ ကျောင်းမှာ အတန်းပြီးတော့ Philippines သွားခဲ့တဲ့ အဖွဲ့သားတွေကို ကျောင်းအုပ်ကြီးက ခေါ်တွေ့တယ်။ ကျောင်းအုပ်ကြီးက အချိန်ပေး တွေ့ပြီး ကျနော်တို့တွေ ရလာတဲ့ အတွေ့ကြုံ မျှဝေကြတာကို စိတ်ဝင်တစား နားထောင်တယ်။ တစ်ယောက်ကို တစ်မျိုးစီ အတွေ့ကြုံတွေ၊ သင်ခန်းစာတွေ၊ အတွေးခေါ်တွေ ပြောပြကြတယ်။ ကျနော့် အဖွဲ့သားတွေ ပြောတာ၊ ကျနော် တွေးမိတာတွေကို အကျဉ်းပြန်ချုံးလိုက်ရင်..

ဘဝမှာ လက်ရှိ ရှိနေတဲ့ အခြေနေကို အရှိကို အရှိအတိုင်း လက်ခံပြီး လိုနေသေးတဲ့ အရည်ချင်းတွေကို ပြည့်မှီလာအောင် ကိုယ့်ဟာကိုယ် ကိုယ်ရည်သွေးနေသင့်တယ်။ ဘဝပေးကြောင့် မရှိတာကို ထိုင်ညည်းနေမယ့်အစား ရှိတာအပေါ်မှာ အခြေခံပြီး အကောင်းဆုံးတွေ ကို ဆောင်ရွက်နိုင်အောင် ကြိုးစားရမယ်။ ဒီ တိုတောင်းလှတဲ့ ဘဝခရီးမှာ လူတစ်ဦးပေါ်တစ်ဦး မေတ္တာထားပြီး နှောင်ကြိုးမဲ့ ကူညီချင်းမျိုးတွေ ကူညီနိုင်မယ်ဆိုရင် အသက်ရှင်နေရတာ ပိုပြီးအဓိပ္ပာယ် ရှိလာမယ်။ အရာအားလုံး ကောင်းမွန်နေစေချင်ရင် ကိုယ်ကစပြီး ကောင်းမှရမှာ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အကျိုးမပြုနိုင်တောင် ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရင် မေတ္တာတွေ က ဆတိုးနှုန်းနဲ့ ပြန့်ပွားမှာပါ။

အောက်မှာ Philippines Community Service မသွားခင် တုန်းက training video နဲ့ Philippines မှာ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို မှတ်တမ်းတင်ထားတဲ့ video တင်ထားတယ်။ ကြည့်ကြည့်...




ဆက်ဖတ်ရန်...

C-Walk vid

Read in English

ကျနော် Crip Walk ကို သဘောကျခဲ့တာ ကြာပြီ။ Tutorial တွေကြည့်၊ လိုက်လုပ်ကြည့်နေခဲ့တာလဲ ကြာပြီ။ ကိုယ်တိုင် video တွေ မှတ်မှတ်ရရ လုပ်မယ်လို့ တေးထားတာလဲ ကြာပြီ။ ဒီနေ့တော့ ကျောင်းကအပြန် မောင် အောင်သူမိုးနဲ့ အတွေ့၊ သူကလဲ စမ်းက ကြည့်ချင်တယ်ဆိုတာနဲ့ စမ်းက ကြည့်ကြတယ်။ ရိုက်ဖို့ ဘာမှ အဆင်သင့် မပါတော့ ဖုန်းနဲ့ ထုတ်ရိုက်တဲ့ အတွက် Quality အရ လိုချင်သလောက်မရဘူး။ အကပိုင်းကျပြန်တော့ အလေ့ကျင့်မရှိ၊ သင်ပေးမယ့်သူမရှိဆိုတော့ ကြိုးစားဖို့လိုသေးတယ်။ ဒါပေမယ့် ဒီဟာကို ပထမဆုံး video အနေနဲ့တော့ ကျေနပ်ပါတယ်။ ကြည့်ကြည့်.. =D

ဆက်ဖတ်ရန်...

04 May, 2009

Made in china [Episode-1]

Read in English

မောင် Harry ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်က Philippines ကအပြန်၊ တရုတ်ပြည်သို့ ခြေဆန့်ခဲ့၏။ အတွေ့ကြုံတွေ ပြန်ပြောပြရရင်...

အကျဉ်းပြောရရင်... (တရုတ်ပြည်သွားတယ်၊ ပြန်လာတယ် =P)
ခရီးစဉ်ကတော့ ၈ရက် ဧပြီ မှာ စင်္ကာပူ ကနေ "ရှန်ဟိုင်း" ကို ထွက်ခွာတယ်။ ၉ရက်နေ့ တစ်နေ့တာကို "ရှန်ဟိုင်း" မှာ လည်ပတ်ပြီး ၁၀ရက်နေ့မှာ "ပေကျင်း" ကို ပျံသန်းတယ်။ ၄ရက်နေပြီးတော့ "ချန်သယ်" ဆိုတဲ့ နေရာကို ကားစီးပြီး ခရီးဆက်တယ်။ ၁ ရက်စာ အဲဒီဒေသနားမှာ လည်ပတ်ပြီး "ပေကျင်း"ကို ပြန်လာတယ် ပြီးတော့ ၁၆ရက်နေ့မှာ စင်္ကာပူကို ပြန်ရောက်တယ်။

အကျယ် ပြောရရင်... (ဖတ်ရတာ ညောင်းမှာနော် =P)

အပိုင်း-၁ [ရှန်ဟိုင်း]

ကျနော်တို့ မိသားစု ၇ယောက် သွားကြတယ်။ အဖိုးရယ်၊ အဖွားရယ်၊ ဖိုးလေး (အဖွားရဲ့ မောင်) ရယ်၊ ဖွားလေးရယ်၊ အဖေရယ်၊ ညီတော်ချောရယ် ကျနော် မောင် Harry ရယ်။ ရှန်ဟိုင်းကို ညပိုင်းရောက်သွားတယ်။ တော်တော်မိုးချုပ်နေတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ဒါနဲ့ပဲ အထုပ်တွေချ ပြီး နားလိုက်ကြတယ်။


[ညီတော်ချောကတော့ ဓာတ်ပုံရိုက်ပေးတာဖြစ်တဲ့အတွက် ဒီပုံထဲမှာ မပါဘူး]

နောက်ရက်ကို ရှီးဟူဆိုတဲ့ တော်တော် သာယာတဲ့ ကန်ကြီးတစ်ကန်ရှိတဲ့ ဒေသ (ရှန်ဟိုင်းရဲ့ မြို့ပြင်) ကို ကားနဲ့သွားကြတယ်။ ကန်ကြီးက သာယာလိုက်တာမှဗျာ.. ကမ်းစပ်မှာ ထင်းရှူးပင်တွေ၊ တရုတ်ပြည်နဲ့ အေးတဲ့ဒေသတွေမှာပဲ ပေါက်တဲ့ ကိုင်းပျော့ပင်တွေ ကြည့်ရှုခံစားရင်း၊ မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေကို နောက်ခံထားပြီး၊ ကန်ထဲမှာ လှုပ်စိလှုပ်စိနဲ့ လှော်တဲ့ လေလေးကို စီးရင်း ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေကို ရှူရတဲ့ အရသာဟာ "ဇိမ်" ပဲ။ ^_^ အဲဒီ ကန်ထဲမှာ တရုတ် လပြည့်ပွဲတော်ကျရင် လအလင်းရောင်ကို သုံးနေရာ ခွဲပြီး ရောင်ပြန်ဟပ်တယ်ဆိုတဲ့ အဖုံးပါတဲ့ ဆင်တူ အုပ်ခွက် ၃ ခွက်လဲရှိသေးတယ်။ (တရုတ်ငွေ တစ်ရွမ်ထဲမှာ အဲဒီပုံကို အမြတ်တနိုး ထည့်ရိုက်ထားတယ်)။ အဲဒီကန်ကြီးထဲက ထွက်တဲ့ ပုလဲ တွေကို ပြသ ရောင်းချတဲ့ ဆိုင်ကိုလဲ ဝင်ရောက် ကြည့်ရှုခဲ့သေးတယ်။








ကျန်တဲ့ အပိုင်းတွေကို ဆက်လက်စောင့်မျှော်ကြပါရန်... =D
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...