ကျနော့် Blog ရဲ့ ဘေးက လျှောကနဲ လျှောကနဲ ထွက်သွားတဲ့ Sidebar ကို ဘယ်လိုလုပ်လဲလို့ ညီငယ်တစ်ယောက်က မေးလာတယ်။ အဲဒါ ကျနော်လုပ်တာမဟုတ်ပါဘူး။ (ဟီး.. အဲလောက်သာတော်ရင်တော့.. =D ) ကျနော် တစ်နေရာက သွားကူးလာတာပါ။ အဲဒါကို ဘယ်ကစတွေ့တာလဲ ဆိုတော့ ကိုဝေယံလင်း ရဲ့ Switch Menu ဆိုတဲ့ post ကပါ။ ကျနော် လက်ရှိသုံးထားတဲ့ဟာက အဲဒီ ပုံစံအမျိုးစားထဲကပဲ တခြား Menu Set တစ်ခုကို ယူလိုက်တာပါ။ Blogspot မှာ sidebar တစ်ခုအနေနဲ့ ဘယ်လို ရအောင်လုပ်လဲ ဆိုတာပြောပြပါ့မယ်။
အရင်ဆုံး အဲဒီ Menu Set တွေရှိတဲ့ ဒီကို သွားပါ။ ပေးထားတဲ့ "ddaccordion.js" "jquery-1.2.6.pack.js" နဲ့ Code Box အောက်က ပေးထားတဲ့ ပုံ ၃ပုံ ကို Download လုပ်ပြီး Ripway လိုမျိုး File Hosting တစ်ခုမှာ သွားတင်ထားလိုက်ပါ။ နောက်ကျမှ ကိုယ့်ရဲ့ URL တွေကို သူဖြည့်ခိုင်းတဲ့ နေရာမှာ ဖြည့်လိုက်ပါ။
ပြီးရင် Code Box ထဲက code တွေကူးရမယ်။ ကူးတဲ့အခါ <head> </head> <body> </body> ဆိုတဲ့ အပိုင်းတွေကို ချန်ပြီးကူးပါ။ ကူးပြီးရင် sidebar ရဲ့ addelement မှာ HTML/Java ကိုရွေးပြီး ကူးထည့်လိုက်ပါ။ <data:h3 class .....> </h3> ကြားက ဟာက အပြင်မှာ ပေါ်တဲ့ ခေါင်းစဉ်တွေ ဖြစ်ပြီး အောက်က <li> <a href="...."> </a> </li> ဆိုတာတွေ ကြားက ကိုယ်လိုချင်တဲ့ ဟာတွေရဲ့ link တွေ ဖြစ်ပါတယ်။ သူပေးထားတဲ့ code တွေထဲမှာ ကိုယ့်အတွက် အသုံးတည့်တာတွေ ပါသလို မပါတာတွေလဲ ပါပါတယ်။ ကိုယ်လိုချင်တဲ့ထိ စိတ်တိုင်းကျဖြစ်အောင်တော့ ဟိုစမ်းဒီစမ်းနဲ့ ကလိကြည့်ပေါ့။
အရေးကြီး တစ်ခုပြောချင်တာက သူက Blogspot က ပေးသလို Label တို့ Archives တို့လို auto မဟုတ်ပဲ တစ်ခုချင်းစီကို link လိုက် ထည့်ရတာဖြစ်တဲ့ အတွက် တော်တော်တော့ လက်ပေါက်ကပ်ပါတယ်။ Label တွေဘေးမှာ နံပါတ်တွေပါ တပ်ချင်တယ်ဆိုရင် Post အသစ်တစ်ခုတင်တိုင်း အဲဒီ မှာ သွားသွားပြီးတော့ Manually ၁ တိုးပေးရပါတယ်။ အမြင်လှပေမယ့် လူတော့ မသက်သာလှပါဘူး။ အထူးသဖြင့် ပထမဆုံးလုပ်တဲ့ အချိန်ပေါ့။ လုပ်ကြည့်လို့ အဆင်ပြေတာရှိ၊ မပြေတာရှိလဲ ပြောပြခဲ့ပါဦး။ ။
26 January, 2009
Accordion Menu
24 January, 2009
Blog Page Nav
ကျနော့် Blog ပြင်တုန်းက Page Navigation ကို အစက ဒီထဲကလိုမျိုး နံပါတ်နဲ့ လုပ်မလို့။ နောက်တော့ နံပါတ်တွေ ရှုပ်ပါတယ်ဆိုပြီး စိတ်ကူး ပေါ်သလိုပုံဆွဲပြီး အဲဒီပုံကို နဂိုပေါ်တဲ့ "Older-Post" "Newer-Post" နေရာတွေမှာ အစားထိုးလိုက်တယ်။ ဘယ်လိုလုပ်လဲ တစ်ဆင့်ချင်းဆီ ပြောပြမယ်...
ထည့်ချင်တဲ့ ပုံကို URL တစ်ခုရအောင် လုပ်ရမယ်...
ကိုယ်လိုချင်တဲ့ မျှား ပုံတစ်ပုံကို အရင်ဆွဲပါ။ ကျနော့် "အဟောင်းများ" "အသစ်များ" ကို လဲ Download လုပ်ပြီးသုံးလို့ရပါတယ်။ Download လုပ်ပြီးသွားရင် Ripway လိုမျိုး hosting တစ်ခုခုမှာ တင်လိုက်ပါ။ ပုံတွေရဲ့ URL ရပါလိမ့်မယ်။
Template ကို Backup လုပ်ရမယ်...
Blog ရဲ့ HTML ပြင်တဲ့ နေရာကို သွား။ Customize>Layout> Edit HTML
Download Full HTML နှိပ်ပြီး တစ်နေရာမှာ သိမ်းထားလိုက်ပါ။
ပြင်ဆင်ပြီးသွားရင် ပုံထည့်မယ်...
Expand Widget Templates ဆိုတာကို Tick လုပ်လိုက်ပါ။
ပြီးရင် <data:olderPageTitle/> ဆိုတဲ့ ဟာကို ရှာပါ။ (Firefox ဆိုရင် Ctrl+F နှိပ်ပြီး ရှာရင် ပိုမြန်ပါတယ်)
[[အဲဒီဟာက အပြင်မှာ မြင်ရတဲ့ "Older Page" ဆိုတဲ့ စာသားကို ကိုယ်စားပြုတာပါ။ အဲဒါဖျက်လိုက်ရင် "Older Page" ဆိုတဲ့ စာသားမမြင်ရတော့ဘူး။]]
အခု အဲဒီစာသားနေရာမှာ <img height='64' src='YOUR IMAGE URL' width='100'/> ဆိုတဲ့ဟာ ထည့်ရမယ်။
[[အနီ နဲ့ရေးထားတဲ့ link နေရာမှာ ကျနော်တို့ လုပ်ခဲ့တဲ့ ပုံရဲ့ URL ကို ထည့်ပေးရပါမယ်။ ကျနော် ပေးထားတဲ့ ပုံကို သုံးမယ် ဆိုရင်တော့ height နဲ့ width နဲ့ ကို ပြင်စရာ မလိုပါဘူး။ ကျနော့်ရဲ့ "Newer Post" ပုံက Width="120" ရှိပါတယ်။ ကိုယ့်ပုံ ကိုယ်သုံးချင်တယ်ဆိုရင် တော့ ပုံနဲ့ ညီအောင် လိုက်ပြီး ပြင်ပေးရပါမယ်။]]
လုပ်ငန်းစဉ်ရဲ့ တစ်ဝက်ပြီးပါပြီ။ "Preview " အရင်လုပ်ကြည့်လိုက်ပါ။ "Older post" စာသား ပျောက်ပြီး တင်ထားတဲ့ ပုံရောက်နေတာတွေ့ရပါလိမ့်မယ်။ "Older post" ကိစ္စပြီးသွားတော့ "newer post" ကိုလဲ <data:newerPageTitle/> ဆိုတာရှာပြီး အပေါ်က အဆင့်တွေအတိုင်း ပြန်လုပ်ပါ။
ပြီးရင် "Save Template " လုပ်လိုက်ပါ။
အလယ်ခေါင်မှာ "Home" ဆိုတာလေး ကျန်နေပါသေးတယ်။ အဲဒါကို ကျနော်က ဖျောက်ထားတယ်။ ဘယ်လိုဖျောက်လဲဆိုရင် အခုဏက လုပ်နေတဲ့ အောက်နားမှာရှိတဲ့ <data:homeMsg/> ဆိုတာကို ရှာပါ။ ၂ နေရာတွေ့ပါလိမ့်မယ်။ အဲဒါလေးကို ဖျက်လိုက်ရင် မမြင်ရတော့ပါဘူး။
<b:if cond='data:blog.homepageUrl != data:blog.url'>
<a class='home-link' expr:href='data:blog.homepageUrl'><data:homeMsg/></a>
<b:else/>
<b:if cond='data:newerPageUrl'>
<a class='home-link' expr:href='data:blog.homepageUrl'><data:homeMsg/></a>
</b:if>
</b:if>
အဲလိုမလုပ်ချင်ဘူး ပုံထပ်ဆွဲပြီး တင်ချင်တယ်ဆိုရင် တော့ အဲဒီ <data:homeMsg/> ဆိုတဲ့ နေရာမှာ ပုံဆွဲပြီး အပေါ်ကလိုမျိုး ပြန်လုပ်ရင် ကိုယ်လိုချင်တဲ့ ပုံလေး အလယ်မှာ ရောက်နေတာ တွေ့ရပါလိမ့်မယ်။
ကဲ.. Page Navigation ကို ပုံစံတစ်မျိုးလေးနဲ့ ဖြစ်အောင် လုပ်လိုက်ပြီ။ သဘောကျ မကျ၊ နားလည်ရ လွယ်မလွယ်၊ အကျိုး ရှိမရှိ၊ ဆိုတာတွေကို ပြန်လည် ထင်မြင်ချက်တွေကို အကြံပေးစေလိုပါတယ်။ ။
03 December, 2008
Blog Post Backups
ကျနော်ရေးခဲ့တဲ့ Some Back-Ups မှာပြောသလို ရေးထားတဲ့ post တွေကို Backup တကယ် လုပ်သင့်ပါတယ်။ ဒါပေမယ့် ရေးတာလဲ အတော်ခရီးပေါက်နေပြီ။ အခုမှ တစ်ခုခြင်းစီ Backup လုပ်ရအောင်လဲ အချိန်မပေးချင်ဘူးဆိုရင်။ ဒီ software လေးသုံးကြည့်ပါ။ Blogger Buster မှာ ညွှန်းထားတာ တွေ့လို့ သုံးကြည့်တာ တော်တော်အဆင်ပြေတယ်။ Post အားလုံး မပင်မပန်းပဲ သိမ်းပြီးသားဖြစ်သွားတယ်။ အဲဒီ Backup File တွေကိုပဲ ပြန်ပြီး Post အနေနဲ့လဲ တင်လို့ရတယ်။ သုံးကြည့်ပေါ့။ ။
30 November, 2008
Blogger Nav Bar
Blog ပေါ်ဘက်မှာ ရှိတဲ့ Bar တစ်ခုရှိတယ်။ Nav Bar လို့ခေါ်တယ်တဲ့။ အဲဒါကြီးက မျက်စိနောက်စရာကြီး ကြိုက်လဲမကြိုက်ဘူးဆိုပြီး မောင် Harry တစ်ယောက် ဖျောက်ပစ်လိုက်တယ်။ အဲဒီမှာ စ ရွာပတ်တာပဲ။ Post တစ်ခုရေးချင်တိုင်း၊ Edit လုပ်ချင်တိုင်း Blogspot.com ကို ပြန်သွား၊ sign in လုပ်နဲ့ ဒုက္ခကို ရောက်ရော။ နောက်ဆုံး BlogU မှာ အဲဒါကို Mouse Hover လုပ်လိုက်မှ ကျလာအောင် လုပ်ထားတာ သွားတွေ့တယ်။ ဟိုကြံ ဒီလုပ်နဲ့ မောင် အောင်သူမိုးတစ်ယောက် သူ့ ဆီမှာလဲ လုပ်ထားတာတွေ့တော့ code ကူးလိုက်တယ်။ အဆင်ပြေသွားရော။ သဘောကျရင် လုပ်လို့ရအောင် ဘယ်လိုလုပ်လဲ ဆိုတာပြောပြမယ်။
~အရေးကြီးဆုံးကတော့ ဘာမှမလုပ်ခင် Template ကို Full Back Up လုပ်ပါ။
~HTML ပြင်တဲ့နေရာမှာ အောက်က ဟာကို ရှာပါ။
#navbar-iframe {
height:0px;
visibility:hidden;
display:none
}
~ပြီးရင် ဒီဟာနဲ့ အစားထိုးလိုက်ပါ။
#navbar-iframe{height:30px;opacity:0.0;filter:alpha(Opacity=0)}
#navbar-iframe:hover{height:30px;opacity:1.0;filter:alpha(Opacity=100, FinishedOpacity=100)}
ဒါဆိုရင် mouse hover လုပ်လိုက်တော့မှ ကျလာတဲ့ navbar အရှင်ကို ရပါလိမ့်မယ်။
မှတ်ချက်။ ။ ie တွင် အဘယ်ကြောင်းကြောင့်မှန်းမသိ အလုပ်မလုပ်ပါ။ သိလျှင် ပြောပြကြပါဦး။
