နှစ်သစ်လဲ ရောက်ပြီ။ တစ်ပတ်တောင် ပြည့်တော့မယ်။ မင်္ဂလာအပေါင်းနဲ့ ခငြောင်းကြတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေ။
ဒီနေ့ မောင် Harry တို့ ကျောင်းမှာ SP 2010 Open House [SPINNOVEX] အတွက် တစ်နှစ်လုံး ချာလပတ် ရမ်းခဲ့တဲ့ Project ကြီး ပြရတယ်။ Open House က ၃ ရက်လုပ်မှာ 7-9 Jan ၊ ဒီနေ့ကတော့ ကျောင်းမှာ Project ကို အချောသတ်တယ်၊ ဆင်တယ်၊ ပြုတယ်ပေါ့။ ပြီးတော့ Judging Panel က ဆရာတွေ လာကြည့်တာကို ရှင်းပြကြတယ်။ နက်ဖြန် က စပြီး ကျောင်းမှာ ၃ရက်ဆက်တိုက် Public ကို ပြမှာဖြစ်ပါတယ်။ Poly ဝင်မယ့် ကျောင်းသားကျောင်းသူတွေ အများလာကြည့်ကြသလို၊ စိတ်ပါဝင်စားတဲ့ မည်သူမဆို လာကြည့်လို့ရပါတယ်။ ဘာတွေ တွေ့ရမလဲဆိုတော့ တစ်ကျောင်းလုံးက Course ပေါင်းစုံက Final Year သမားတွေ အဖွဲ့လိုက် သူ့ Major ကို လိုက်ပြီး လုပ်ထားကြတဲ့ Project ပေါင်းမျိုးစုံကို တွေ့ရပါမယ်။ ဘောလုံးကန်တဲ့ စက်ရုပ်မှစလို့ ရေပေါ်မောင်းတဲ့ ကားတွေ စတဲ့ ထူးထူးဆန်းဆန်းတွေ တွေ့ရမှာပါ။ လျှောက်ကြည့်ရတာ တော်တော်ပျော်စရာ ကောင်းတယ်။ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ Dover MRT မှာ ရှိတဲ့ Singapore Poly က Open House ကနေ နောက် ၃ရက်စာ မောင် Harry Twitter ကနေ live update လုပ်ပါမယ်။ :D Follow လုပ်လိုသူများ http://twitter.com/h_cloNe မှာ လုပ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
