Showing posts with label personal. Show all posts
Showing posts with label personal. Show all posts

22 June, 2009

အကောင်းဆုံး မြူစွမ်

ဒီနေ့ ချစ်သူနဲ့ ချစ်သက် ၁၀ လပြည့်တဲ့နေ့။ ပုံမှန်ဆို တစ်နေရာရာသွားပြီး ညစာ အတူစားတတ်ပေမယ့် ကျနော်က အရင်အပတ်ထဲ မှာ တပတ်လုံး ဖျားထားတော့ နလံထူခါစမို့ အပြင်မထွက်နိုင်။ ချစ်သူက ပုံမှန်ဆို ဟင်းသိပ်မချက်တတ် (ဟိ.. ဖော်တာတော့ မဟုတ်ပါဘူး =P) ဒါပေမယ့် ကျနော့်ကို ဘာစားချင်လဲဆိုတော့ ကျနော်လဲ အာသီသရှိတဲ့ မြူစွမ် လို့ ပြောလိုက်မိတယ်။ အဲဒါကို ဒီနေ့ သူ့အမေကို သင်ခိုင်းပြီး ကိုယ်တိုင်ချက်တယ်။ ချက်ပြီးတော့ ကျနော်စားဖို့ ဆိုပြီး ၁နာရီကျော် ဝေးတဲ့ ခရီးကို တကူးတကလာပြီး လာပို့လေရဲ့။ စားဖူးသမျှ မြူစွမ် တွေထဲမှာ ဒီမြူစွမ်ကတော့ စားလို့ အကောင်းဆုံးပါပဲ။ တူညီတဲ့ အစာပလာတွေ ထည့်ပေမယ့် မတူညီတဲ့ မေတ္တာတွေ ပါနေတဲ့ မြူစွမ်တစ်ခွက်ကို ကျနော် မြည်းစမ်းဖူးသွားပါပြီ။ အရမ်းကို ကြည်နူးမိပါတယ် ချစ်သူ။ ။

***Happy 10th month anni dear. Love ya loads. XoXosss...***

ဆက်ဖတ်ရန်...

08 March, 2009

ချစ်သူ့မွေးနေ့

မွေးနေ့မှာ ပျော်ရွှင်ပါစေ ချစ်သူ…

Align Center

ဆက်ဖတ်ရန်...

22 December, 2008

22nd...



a present of sincerity...
a symbol of love...
a note of remembrance...
a few lines from me to say thank you so much for everything...
love ya n miss ya lots~

ဆက်ဖတ်ရန်...

22 August, 2008

သို့..ငှက်ငယ်လေး

ငှက်ငယ်လေးရေ... သင်ဟာ လွတ်လပ်သူတယောက်ပါ။ အလိုရှိရာကို ပျံသန်း သွားလာနိုင်ပါတယ်။ သင်နားဖို့ အသိုက်မြုံလေးတခုကို နွေးနွေးထွေးထွေး ဖြစ်အောင်တော့ အတတ်နိုင်ဆုံး ပြုလုပ်ထားပေးပါတယ်။ ဒါပေမယ့် အဲလိုလုပ်ထားပေးတဲ့ အတွက် ဒီအသိုက်မှာပဲ နေကိုနေရမယ်လို့တော့ မဆိုလိုပါဘူး။ မနေချင်တော့တဲ့အချိန် အချိန်မရွေး ထွက်ခွာသွားနိုင်ပါတယ်။ အဲလိုထွက်ခွာသွားတဲ့ အတွက်လည်း ဘယ်လိုမှမခံစားမိပါနဲ့။ ကျန်ခဲ့တဲ့ အသိုက်အတွက်လဲ ဘာမှမတွေးပါနဲ့။ လာနေတုန်း လာနေခိုက်ကို နွေးထွေးမှုနဲ့ လုံခြုံမှု ကိုအကောင်းဆုံး အပြည့်ဝပေးနိုင်ခဲ့ရင်ပဲ ၀မ်းသာလှပါပြီ။ တခြားပိုပြီးနွေးထွေးတဲ့ အသိုက်တခုမှာ ပျော်နေတယ်ကြားရရင်လဲ ကြည်နူးမိနေမှာပါ။ ပျံထွက်သွားပြီး တခြားအသိုက် မတွေ့လို့ဖြစ်စေ.. တခြားအသိုက်က မနွေးထွေးလို့ပဲဖြစ်စေ.. အရင်အသိုက်ဟောင်းကို ပြန်လာချင်တယ်ဆိုလဲ အချိန်မရွေး နွေးထွေးစွာ ကြိုဆိုလျှက်ပါ ။ ။

(ရေပျော်ငှက်)

ဆက်ဖတ်ရန်...