သို့
ကောင်မလေး
ကိုဟာ မင်းအလှမှာ ကြက်တောင်လို မျက်တောင် မခတ်စတမ်း ကြည့်ချင်သူပါ။ တခြားသူတွေဆို ပင်ပေါင်လို ရင်တောင် မခုန်ခဲ့ပါဘူးကွာ။ ဒါပေမယ့် အခု၊ ကို့စိတ်ဆန္ဒတွေက ဘက်စကတ်ဘောလို အဆက်မပြတ်လောနေပါပြီ။ ကိုဟာ မင်းကို စတွေ့ကတည်းက ပြေးခုန်ပစ်လို အတွေးစုံနှစ်ပြီး ချစ်ခဲ့သူပါ။ ဂေါက်သီးရိုက်လို မြှောက်ပြီးကြိုက်အောင် မပြောတတ်တော့ ကို့ကို ဗော်လီဘောလိုတော့ တော်ပြီမပြောလိုက်ပါနဲ့ကွာ။ ကို့ရဲ့ အချစ်တွေကိုလေ ရွက်လှေလို သက်သေပြရရင် မင်း မျက်ရည်တောင်ကျသွားဦးမယ်။ အဲတော့ မင်းလေးက ပြန်ပြီး တန်းနစ်ရိုက် သလို အရမ်းချစ်လိုက်ပါတော့လားကွာ။ မင်းနားမှာ ကာရာတေးလို မသာလေးတွေက တိုက်ကွမ်ဒိုလို အပိုင်ကြံမလို လုပ်လို့ကတော့ မြှားပစ်လို ကို တအားကစ်ပြစ်လိုက်ရင် ဒီကောင်တွေ တုတ်ထောက်ခုန်လို အဟုတ်ကြောက်ကုန်လိမ့်မယ်။ မင်း ကို့ကို ဘေ့စ်ဘောလို အတွေ့စောလို့ တော်ပါသေးတယ်ကွာ။ ကောင်မလေးရယ် တကယ်ပါ ကို့ရဲ့ အချစ်တွေက သံပြားပစ်လို အပျံစားအချစ်တွေပါ။ ကို့ကိုသာ ပြန်ချစ်ရင် ဝူရှုးလို အူမြူးအောင် ထားမှာပါကွာ။ ကဲပါ ရေကူးလို အထွေထူးပြောမနေတော့ပါဘူး။ မင်းလေးကသာ ခြင်းလုံးလို အတင်းပုန်းမနေပဲ သံလုံးပစ်လို အမြန်ဆုံးချစ်လိုက်ရင် လှေလှော်သလို အသေပျော်မိမှာပါပဲကွယ်။
သိပ်ချစ်ရတဲ့~
မောင်မောင်ပြောင်
မောင် ပိစိ နှင့် မောင် တုတ်ကြီး
An Intellectual Property of SP A-Nyeint Family '08.
