30 December, 2009

2009 မှတ်ကျောက်လေးများ

၂၀၀၉ ဆိုတဲ့ တစ်နှစ်တာ ကုန်ပြန်ပြီ။ ဒီနှစ်ထဲမှာ မောင် Harry တစ်ယောက် ဘာတွေ လုပ်ဖြစ်လဲ။ ဘာတွေ အဖတ်တင်လဲ ဆိုတာ စိတ်ကူးရသမျှ တန်ဖိုးထားမိတာတွေကို တစ်နှစ်လုံးစာ ချရေးထားတယ်။ ကျနော့်ဘဝရွက်လှေ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်အချိန်လေးတွေ မျှဝေခြင်းသက်သက်သာဖြစ်ပါတယ်။

January

  • ဘဝရွက်လှေ Blog Template ပြန်ပြင်တယ်
  • Basketball/Badminton/Street Soccer ပါတဲ့ Sport Event တစ်ခုစီစဉ်တယ်
  • SP မှာတက်လာသမျှ ကာလ ပထမဆုံး Attendance Warning Letter ရတယ်
  • Photoshop စလေ့လာတယ်
February
  • Kaya လုပ်တတ်တယ်
  • PhotoBlog (http:www.fotobloggy.blogspot.com) စဖြစ်တယ်
  • ခဲပန်းချီစဆွဲတယ်
  • အမေ့ပုံတူကို Photoshop နဲ့ ဆွဲတယ်
March
  • အဖေ့ဆီက ထမနဲထိုးနည်းသင်တယ်
  • ဘိလပ်မြေဖျော်သင်ရတယ်
  • အုပ်စီတာသင်တယ်
  • နံရံကို ပတ်တီးရိုက်တာသင်ရတယ်
  • လွှတိုက်တာ သင်ရတယ်
  • သဘာဝထိန်းသိမ်းရေး အတွက် ပရဟိတအစီစဉ်တွေပါတယ်
  • Diabolo ဆော့တတ်သွားတယ်
  • Light Stick performance သင်တယ်
  • Philippines က Singapore သံရုံးရောက်တယ်၊ သံအမတ်ကြီးနဲ့ တွေ့တယ်
  • Philippines က နန်းတော်ရဲ့ သမိုင်းပြတိုက်ကို ဝင်ကြည့်တယ်
  • သောင်ပြင်မှာ Speedboat နဲ့ ဆွဲတဲ့ လေထီးစီးရတယ်
  • Banana boat စီးရတယ်
  • မီးသွေးနဲ့ မီးမွှေးတတ်သွားတယ်
  • ကြက်ဥကို လက်တစ်ဖက်ထဲနဲ့ ခွဲတတ်သွားတယ်
  • ဦးရွှေရိုးကတယ်
  • လူတွေရှေ့မှာ ပထမဆုံး သီချင်းဆိုဖူးတယ်
  • Philippines ရွာရဲ့ သားအဖြစ်မွေးစားခံရတယ်
  • Chocolate Hill တွေရောက်တယ်
April
  • မိသားစုနဲ့ တရုတ်ပြည် Beijing, Shanghai ကို vacation သွားတယ်
  • ပထမဆုံး နှင်း ကိုင်ဖူးတယ်
  • ပင်ကွင်းမြင်ဖူးတယ်
  • Great Wall ရောက်တယ်
  • Olympic Bird Nest ရောက်တယ်
  • Forbidden City ရောက်တယ်
  • Kaung Fu concert ကြည့်ခဲ့တယ်
  • အဖေ့ပုံ၊ ပုံတူဆွဲဖြစ်တယ်
  • Canon 450 D ဝယ်ဖြစ်တယ်
May
  • ချစ်သူကို Light Stick ကပြတယ်
  • 2nd year အတွက် course ရဲ့ Top 10% ပါတယ်
  • Crip Walk video လုပ်ဖြစ်တယ်
  • SP Technology and Innovation club ဝင်တယ်
  • မြန်မာပွဲအတွက် နိုင်ငံခြားသားကို သင်္ကြန်မိုးသီချင်းစသင်ပေးတယ်
June
  • SP Technology and Innovation club အချိန်မပေးနိုင်လို့ ပြန်ထွက်လိုက်တယ်
  • ချစ်သူချက်ကျွေးတဲ့ မြူစွမ် ပထမဆုံးအကြိမ် စားရတယ်
  • ၂ ပတ် ဖျားတယ်
  • မြန်မာပွဲအတွက် နိုင်ငံခြားသူ ၄ ယောက်ကို အကသင်ပေးဖို့ စီစဉ်တယ်
July
  • ကိုယ်ပိုင် domain နဲ့ ဓာတ်ပုံ site ကိုလုပ်ဖို့ စတယ်
  • Wedding outdoor photoshoot တစ်ခုကို ပထမဆုံးအကြိမ် လိုက်ရိုက်ပေးတယ်
  • ကျောင်းက ဓာတ်ပုံပြိုင်ပွဲဝင်တယ်
  • Wedding function တစ်ခုကို ပထမဆုံးရိုက်ပေးတယ်
  • SP သင်္ကြန်ပွဲအတွက် နောက်ခံ Vector Backdrop ဆွဲပေးတယ် (ဆွဲခဲ့သမျှထဲမှာ size အကြီှးဆုံး)
August
  • ၂ရက်နေ့မှာ လုပ်တဲ့ SP မြန်မာ သင်္ကြန်ပွဲကြီး ကို တစ်ထောင့်တစ်နေရာက ကူညီတယ်
  • ချစ်သူနဲ့ တွဲလာတဲ့ကာလ တစ်နှစ်ပြည့်တယ်
  • Final year first semester စာမေးပွဲတွေဖြေတယ်
  • Residential Project (NYAA) အတွက် collateral design ဆွဲပေးတယ်
  • Final Year Project အတွက် 3D short clip လုပ်ဖို့ 3D Max software စလေ့လာတယ်
  • Noise Singapore ပါဖြစ်တယ်
September
  • Malaysia Taman Nagara သဘာဝထိန်းသိမ်းရေးတောထဲကို Adventurous Camp ထွက်တယ်
  • လင်းနို့တွေပေါတဲ့ကျောက်ဂူထဲ ဝင်တယ်
  • Rain forest ထဲ trekking သွားတယ်
  • Residential Project (NYAA) အတွက် နေ့ကလေးထိန်းကျောင်းမှာ သွားကူတယ်
  • ကလေးတွေကို Diabolo နဲ့ Light Stick performance လုပ်ပြတယ်
  • မြန်မာပြည်ကို ကျနော့်သူငယ်ချင်း Malaysian ကျောင်းသား Yoon Loong ကို အလည် ခေါ်သွားတယ်
  • ရန်ကုန်၊ ပုပ္ပား၊ ပုဂံ၊ မန္တလေး၊ မင်းကွန်း၊ စစ်ကိုင်း၊ အင်းလေး တို့မှာ ဓာတ်ပုံရိုက်ထွက်တယ်
  • Adobe Illustrator, After Effects, Premiere Pro စလေ့လာတယ်
October
  • ဓာတ်ပုံတွေကို Imagekind မှာစရောင်းဖြစ်တယ်
  • ၁ မိနစ်စာ FYP အတွက် After Effects video လုပ်ဖြစ်တယ်
  • Final Year Project (FYP) အတွက် presentation လုပ်တယ်
  • FYP ကို Open House မှာ Pubilc ကိုပြဖို့ အရွေးခံရတယ်
  • Aikido ပြန်ဆော့ဖြစ်တယ်
November
  • ကျောင်းစာနဲ့ လုံးချာလိုက်နေတယ်
December
  • ပျော်ရွှင်ဖို့ အရမ်းကောင်းတဲ့ မွေးနေ့လေး ဖြတ်သန်းရတယ်
  • မွေးနေ့နဲ့ တိုက်ပြီး အဖေ့ကို တော်တော်များများ ပူဆာဖြစ်တယ်
  • Camera accessories တွေဝယ်တာများပြီး တစ်လစာ မွဲတယ် =P
  • NTU က January ကျ လာလည်ဖို့ ဖိတ်စာရတယ်
  • Orchard မှာ ဖိနပ်မပါပဲ လမ်းလျှောက်တယ် :D
  • စာပေဟောပြောပွဲ အပြီး ဆရာ ချစ်ဦးညို ဆရာ နေဝင်းမြင့်တို့ စကားဝိုင်းကို နားထောင်ခွင့်ရတယ်

အဆွေ သင်တို့ကော ဘာတွေ လုပ်ဖြစ်ခဲ့လဲ။ ဘာတွေ သင်ယူခဲ့လဲ။ ဘာတွေ တန်ဖိုးထားဖြစ်ခဲ့လဲ...

လာမယ့် ၂၀၁၀ မှာ ကျန်းမာရွှင်လန်းပြီး ချမ်းမြေ့စရာကောင်းတဲ့ ရက်တွေ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ ကြောင်း.. ဆုမွန်ကောင်းတောင်းလိုက်ရပါသည် ။ ။ ^_^

မောင် Harry

ဆက်ဖတ်ရန်...

17 December, 2009

Warranty

စာမရေးတာမှ တော်တော့်ကို ကြာသွားပြီ။ ရေးချင်တာတွေတော့ ရှိတယ်။ များလွန်းလို့ တေးထားတာ။ ဒီနေ့ မနက် ခေါင်းတောက်ပြီး တော်တော် စိတ်ညစ်သွားတဲ့အကြောင်း ပြောရဦးမယ်။ ဒီ post ဟာ အထူးသဖြင့် ကျနော်တို့ ဓာတ်ပုံဆြာ ဘော်ဘော်တွေအတွက် ရည်ရွယ်ပါတယ်။ ကင်မရာ ပစ္စည်းက ဈေးက ကြီးလှတယ်။ နောက်ပြီး ဘယ်နှနှစ် warranty ပေးမယ် ဘာမယ်နဲ့ ပေးထားတယ်။ ကျနော်တို့ မြန်မာပြည်မှာတုန်းက ဝယ်သုံးဖြစ်တောင်မှ warranty ကို သိပ်စိတ်မဝင်စားလှဘူး။ ခုဘာတွေ့လဲဆိုတော့ warranty တော့ ပေးတယ် ဒါပေမယ့် ကျနော်တို့ ဝယ်သူတွေဘက်ကလဲ လုပ်ရမှာတွေရှိတယ်ဗျာ။ ဝယ်ပြီး ပြီးရော.. သုံးတော့မယ်ဟေ့ဆိုပြီး စိတ်အေးလက်အေးသုံးမသုံးခင် warranty ကိစ္စကို အရင်လုပ်သင့်တယ်။

တချို့ warranty တွေက ဖြည့်ခိုင်းတာဖြည့်ပြီး စာတိုက်ပုံးက ပြန်ထည့်ပေးရတယ်။ တချို့ warranty တွေက online က register လုပ်ရတယ်။ ဆိုင်တွေကလဲ ဝယ်လိုက်ရင် warranty card ဒါမှမဟုတ် ဖြည့်ရမှာတွေကို ဒီအတိုင်း ဗူးထဲ တာဝန်ကျေ ထည့်ပေးလိုက်တာ။ အဲဒါတွေကို ကိုယ်က မလုပ်မိရင် ကုန်ရော။ ပြီးတော့ Receipt တွေကိုလဲ သေချာသိမ်းသင့်တယ်။ ကျနော်တော့ အချိန်မနှောင်းခင် Receipt တွေရယ် warranty card တွေရယ်ကို ဖိုင်တစ်ခုထဲ တွဲလိုက်ပြီ။

ပစ္စည်းကောင်းတွေ ဝယ်ပြီး မသုံးခင် warranty လေးအရင်ဖြည့်ကြပါရန် အကျိုးမျှော်၍အသိပေးအပ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။

ဆက်ဖတ်ရန်...