အားး... ကျောင်းပြန်ဖွင့်တာ ဘာလိုလိုနဲ့ ၃ ပတ်တောင်ပြီးသွားပြီ။ အချိန်တွေက မြန်လိုက်တာ ရှလွတ် ကနဲပဲ။ စာမေးပွဲတွေတောင် ဖြေရတော့မယ်။ သင်လိုက်တာတွေ သိတာတွေနဲ့ မသိတာတွေ ဂဃနဏ သိဖို့အချိန်တန်ပြီ။ ဒီမလာခင်တုန်းက သင်ယူတဲ့အခါ ဘယ်လို သင်ယူရမယ် ဆိုတာနဲ့ ပတ်သက်လို့ အဖေက ဒီလိုပြောဖူးတယ်.. "သား ဘာမသိဘူးလဲ ဆိုတာကို သိအောင်လုပ်" တဲ့။ ဟုတ်တယ် သင်ယူမှတ်သားနေတဲ့ ကာလပိုင်းတွေတိုင်းမှာ ဘာမသိဘူးလဲ ဆိုတာ သိမှ အဲဒီဟာကို သိအောင်လုပ်လို့ရမှာ။ နားမလည်ဘူး မသိဘူးပဲ ထိုင်အော်နေရင် နားလည်လာမှာ သိလာမှာ မဟုတ်ဘူး။ ကိုယ် ဘာမသိဘူးလဲဆိုတာကို သိနိုင်ကြပါစေ။ ။
31 October, 2008
30 October, 2008
Get reminded
Google Calendar သုံးလား။ လုပ်စရာတွေ တွေ့စရာတွေ ရေးရေး မှတ်ထားလို့ရတဲ့ ဟာလေ။ အဲဒီ Calendar က ဖုန်းကို reminder message ပို့ပေးအောင် လုပ်လို့ရတယ်။ Singapore အတွက်တော့ service charge မယူဘူး။ ဘယ်လိုလုပ်ရလဲ ဆိုရင်...




အလုပ်များသူ တွေအတွက် တော်တော်အဆင်ပြေတဲ့ reminder တစ်ခုပါ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။
(pardon me if the resolutions of the screen captures sux)
28 October, 2008
ကြုံဖူးပေါင်
မွေးနေ့တွေ တော်တော်များများ ကြုံဖူး သွားဖူးပါတယ်။ ဒါပေမယ့် ဒီမွေးနေ့ လုပ်တဲ့ အချိန်၊ မွေးနေ့ ကိတ်နဲ့ မွေးနေ့ ဖယောင်းတိုင်မျိုးတော့ တစ်ခါမှကို မတွေ့ဖူးဘူး။ မောင်ပြည့် (ပြည့်စိုးစံ) မွေးနေ့ပါ။ ၂၆ ရက်နေ့ ညဘက် ညကြီးအချိန်မတော်ကို ချစ်လှစွာသော နောင်တော်ကြီးတွေဆီမှာ တံခါးပိတ်အစည်းဝေး (Air-Con မအေးမှာစိုးလို့) လုပ်ကြပါရော။ လုပ်ရင်းနဲ့ ညကူး (ညကူးတာလား မနက်ကူးတာလားတော့ မသိဘူး တစ်ခုခုကူးသွားတာပဲ) သွားတော့ ဖုန်းမှာ ၂၇ ရက်နေ့အတွက် မှတ်ထားတာလေး မြင်လိုက်တယ် မောင်မင်းကြီးသား မွေးနေ့ပဲ။ ဒါနဲ့ နောင်တော်ကြီးတွေကို လက်တို့ပြီး မနက် ၁ နာရီ လောက်ကို ကိတ်မုန့်ရှာပုံတော် ဖွင့်ကြတယ်။ ဟိုဆိုင်မရ သည်ဆိုင်မရ နဲ့ နောက်ဆုံး ရေခဲမုန့်ပဲ လုပ်ကွာဆိုပြီး ရေခဲမုန့်ဘူးကို ကိတ်မုန့် အမှတ်နဲ့ ဝယ်လာကြပါရော။ ပြီးတော့ ဖယောင်းတိုင်ကလဲ အဲချိန်ကျမှ ရှာမရဖြစ်နေတယ်။ (ရန်ကုန် လွမ်းလိုက်တာ) နောက်ဆုံး Pocky အချောင်းတွေကိုပဲ ၂၁ ချောင်းပြည့်အောင် စိုက်ပြီး (မောင်ပြည့် အသက် ၂၀ပြည့်သွားပြီ ဆိုတာကျနော် မပြောဘူးနော်) အောင်မြင်စွာ ညကြီး အဲ.. မနက်ကြီး အချိန်မတော်မှာ ကျင်းပလိုက်ကြတယ်။ (မွေးနေ့မှာတောင် အစည်းဝေးလုပ်နေတယ် ဆိုတော့ တစ်သက်လုံး ဒါပဲပေါ့နော် ဟိ...) မောင်မင်းကြီးသား သက်တော် (ရှည်ချင်သလောက်) ရှည်ပါစေဗျား...
25 October, 2008
အောက်တိုဘာလ ၂၅ ရက်တစ်နေ့
၎ နှစ်တောင်ရှိခဲ့ပြီ အမေ....
ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေ....
ဒီ တစ်ရက်ရောက်တိုင်း တင်းထားသမျှ အားတွေ....
ဆင်းရဲခဲ့ရသမျှ ပင်ပန်းမှုတွေ....
ခဏလောက် ဖြေချလိုက်ချင်တယ်....
အတိတ်ကို ပြန်တူးဆွနေတာ မဟုတ်ပေမယ့်....
စာမျက်နှာ ဟောင်းတွေ ပြန်လှန်နေတာ မဟုတ်ပေမယ့်....
လွမ်းတယ် အမေ.... အမေ့သား လွမ်းတယ်....
ဆက်လက် ရှင်သန်နေရဦးမှာ သိပါတယ်....
ရုန်းကန် လှုပ်ရှား ရပ်တည် ပေးရဦးမှာလဲ သိပါတယ်....
ပင်ပန်း ဆင်းရဲ နာကျည်း မှုတွေကို တွေ့ကြုံ သင်ယူရဦးမယ် ဆိုတာလဲ သိပါတယ်....
မရှိတော့တာကို တမ်းတပြီး လွမ်းပြ နေတာ မဟုတ်ပေမယ့်....
နွေးထွေးတဲ့ အမေ့ရင်ခွင်ထဲ တစ်ခေါက်လောက်များ....
.
.
.
.
အမေ....
24 October, 2008
မင်္ဂလာပါ
Min-ga-la-pa တဲ့.. အင်ဒို သူငယ်ချင်းတစ်ယောက်က မပီတပီနဲ့ မြန်မာလို နှုတ်ဆက်တယ်။ ကျနော်တို့ မှာ Good Morning, Good Afternoon, Good Evening မရှိဘူးဗျ။
မြန်မာပြည်မှာတုန်းက "မင်္ဂလာပါ" အပြောနည်းတယ်၊ ပြောခဲတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို နှုတ်ဆက်ခဲ့လဲတောင် မသိဘူး။
ကောင်းသော နံနက်ခင်းပါ တို့ ဘာတို့ ဆိုတာကလဲ တိုက်ရိုက် ဘာသာပြန်ထားတာ။ မနက်ခင်းပိုင်း ကောင်းပြီး နေ့လည်ခင်းပိုင်း မကောင်းတာမျိုး မရှိရလေအောင် ဆိုတဲ့ သဘောလားတော့ မသိဘူး၊ လူကြီး သူမတွေက 24/7 ကောင်းနေအောင် ဆိုပြီး "မင်္ဂလာပါ" ဆိုတဲ့ စကားမျိုးကို သုံးခဲ့လားလို့ တောင်ထင်ရတယ်။ အဲဒီ "မင်္ဂလာပါ" ကို ဒီ (Singapore) မှာ အမြတ်တနိုးသုံးကြတယ်။ တခြားနိုင်ငံက သူငယ်ချင်းတွေက "မင်္ဂလာပါ" လို့ပြောပြောပြီး ငါမြန်မာလို နှုတ်ဆက် တတ်တယ်လို့ ဂုဏ်ယူစွာ ပြောလေ့ရှိတယ်။ကျနော်ပဲ မသုံးဖြစ်တာ လားတော့မသိဘူး။ မြန်မာပြည်မှာတုန်းက "မင်္ဂလာပါ" အပြောနည်းတယ်၊ ပြောခဲတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို နှုတ်ဆက်ခဲ့လဲတောင် မသိဘူး။ ဒီရောက်တော့ တစ်ယောက်နဲ့တစ်ယောက် "မင်္ဂလာပါ" လို့ နှုတ်ဆက်ကြတယ်။ သဘောကျတယ်ဗျာ။ စစပြောချင်း တုန်းကတော့ "မင်္ဂလာပါ" ပြောရတာ တစ်မျိုးကြီးပဲ။ နောက်ပိုင်း ယဉ်သွားတော့ ပြောရတာ အရမ်း ဘဝင်ကျ လာတယ်။ "မင်္ဂလာပါ ခင်ဗျာ" လို့ပြောလိုက်ရတာကိုက ကျက်သရေရှိသွားတယ်။ မြန်မာ အချင်းချင်းပဲဗျာ.. သူများ နိုင်ငံသားတွေတောင် သဘောကျလွန်းလို့ ပြောနေကြပြီ၊ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါ "မင်္ဂလာပါ" လို့ အားပါးတရ နှုတ်ဆက်ကြပါလား။
22 October, 2008
ဘာလို့
ကျနော်တို့ ကျောင်းမှာ မြန်မာ အသိုင်းဝိုင်းလေး တစ်ခုရှိတယ်။ ကျောင်းကို ရောက်လာတဲ့ မြန်မာတွေ သိုက်သိုက်ဝန်းဝန်း စုစုစည်းစည်း ရှိနေအောင်ဆိုပြီး ဖွဲ့ထားတဲ့ အသိုင်းဝိုင်းလေးတစ်ခုပါ။ အရင့် အရင် ကျောင်းသားဟောင်း အကို အမတွေက အဲဒါကို Myanmar Student Community ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့စည်းလေးပါ။
အဖွဲ့စည်းဆိုကတည်းက ဖရိုဖရဲ မဖြစ်အောင်တော့ စည်းကမ်းနဲ့ ဘောင်နဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းထားတာပေါ့။ မြန်မာတွေ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ပွဲတွေဘာတွေ စီစဉ်တဲ့အခါမှာ လွယ်ကူအောင် ဦးဆောင်စီစဉ်ဖို့ Organizing Committee ဆိုတာကို ဖွဲ့စည်းထားတယ်။ တကယ်တော့ အဲဒီ Organizing Committee ဆိုတာလဲ သူလိုငါလို ကျောင်းသားတွေပါပဲ။ ဘယ်သူ့ ဘယ်သူမှ ထူးမသွားပါဘူး။ ကျောင်းသားအားလုံး ကိုယ်စား နာမည်ခံ ခေါင်းခံပြီး ဆောင်ရွက်ပေးနေတဲ့သူတွေလို့ ပြောလို့ရပါတယ်။
တစ်ခါ သူငယ်ချင်း တစ်ယောက်က "မင်းတို့ ဟာက ဘာမှလဲ မရဘူး။ ငွေလဲမရဘူး၊ အချိန်လဲကုန်တယ်၊ လူလဲ ပင်ပန်းတယ်၊ တစ်ခုခုလွဲရင် ကူညီပေးတဲ့သူတွေ၊ ပါဝင်လှုပ်ရှားတဲ့သူတွေရဲ့ အငြိုငြင်လဲခံရတယ်၊ CCA ဆိုတာဝေးရော။ အဲဒါကို ဘာလို့များ ခေါင်းအစားခံပြီး အစည်းဝေးတွေလုပ်၊ စိတ်အပင်ပန်းခံပြီး လိုက်စီစဉ် ဟိုစိုက် ဒီစိုက်နဲ့ အပင်ပန်းခံ နေရတာလဲကွာ။" လို့ မေးဖူးတယ်။
အဲဒီမှာ စ လွဲနေတာက မင်းတို့ ဆိုတဲ့ စကား။ အမြင်မှာက Organize လုပ်ပေးနေတဲ့ သူတွေ က သပ်သပ်၊ ပါဝင်တဲ့ ကျောင်းသားတွေက သပ်သပ်လို့ မြင်နေကြတယ်။ ပြောရရင် သူငယ်ချင်းတွေ အပြင်တစ်နေရာရာ သွားဖို့ ဟိုလူက ဒီမုန့်ယူလာမယ်၊ ဒီလူက နေရာလေး ကြို ငှားထားပေးမယ် အစရှိသဖြင့် သူငယ်ချင်းတွေ တက်ညီလက်ညီ အလုပ်တွဲလုပ်ပြီး ပျော်ပွဲစားထွက်သလိုပါပဲ။ ကျောင်းသားတွေ အရမ်းများလာတော့ အားလုံးလဲ မပင်ပန်းရအောင် လူအနည်းစုကပဲ အစ အဆုံး စီစဉ်ပေးတာပါ။ တကယ်တမ်း အားလုံး တန်းတူပါပဲ။ မင်းတို့ စီစဉ်တဲ့ အကောင်တွေ မဟုတ်ပါဘူး။ ငါတို့အတွက် စီစဉ်ပေးတဲ့ သူတွေ ပါ။
နောက်တစ်ချက်ကတော့ ဟုတ်ပါတယ်၊ ဘာလို့များ ကျနော်တို့ ဘာမှမရပဲနဲ့ ကိုယ်၊စိတ် အပင်ပန်းခံ အချိန်၊ ငွေ အကုန်ခံပြီး ဒီ မြန်မာ ဆိုတဲ့အသိုင်းဝိုင်းလေးကို သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ကြိုးစားနေပါလိမ့်။ ကျနော့်မှာတော့ အဖြေရှိပါတယ်။ အဲဒီအဖြေကြောင့်လဲ ခုချိန်ထိ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။ တကယ်လို့များ အဲဒီမေးခွန်းလေးက မေးခွန်းအနေနဲ့ မဟုတ်ပဲ အတွေးတစ်ခုအနေနဲ့ ကျောင်းသားတိုင်းရဲ့စိတ်ထဲ ရောက်ခဲ့လို့ရှိရင် မိဘအိမ်က ထွက်ခွာလာတဲ့ မြန်မာ ကျောင်းသားကျောင်းသူ ညီအစ်ကို မောင်နှမတွေ ဒီထက်ပိုပြီး သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးရှိလာကြမှာပါ။
မြေခွေးအကောင် မြန်စေအောင်
မြေခွေးအကောင် ဆိုလို့ တောင်ပေါ်မြေခွေးလား ဘာလား တွေးမိနေဦးမယ်။ Firefox Internet Browser ကိုပြောတာပါ။ ကျနော့်ကို အကို တစ်ယောက်က Firefox browser မြန်အောင်ဆိုပြီး လမ်းညွှန်လိုက်တာရှိတယ်။ အဲဒါလေးပြန်ပြောပြမယ်။
- Address bar မှာ "about:config" ဆိုတာရိုက်ပြီး enter နှိပ်ပါ။ အဲဒီမှာ warning တစ်ခုပေါ်လာရင် ကတိပေးလိုက်ပါ "I'll be careful, I promise" လို့။
- network.http.pipelining
network.http.proxy.pipelining
network.http.pipelining.maxrequests ဆိုတာတွေကို ရှာပါ။
ပုံမှန်အားဖြင့် Browser က page တစ်ခုကို တစ်ခါပဲ request လုပ်ပါတယ်။ pipelining ကို enable လုပ်လိုက်တဲ့အခါ တစ်ကြိမ်ထဲမှာ အများကြီးကို တစ်ပြိုင်နက် request လုပ်တဲ့အတွက် page loading တွေကို ပိုမြန်စေပါတယ်။ - အဲဒီနောက်
network.http.pipelining ကို true
network.http.proxy.pipelining ကို true
network.http.pipelining.maxrequests ကို နံပါတ် တစ်ခုခု ပေးပါ "30" စသည်ဖြင့်။
သဘောက request 30 ကို တစ်ပြိုင်နက်ထဲမှာ လုပ်မယ်လို့ဆိုတာပါ။ - နောက်ဆုံးအနေနဲ့ page ရဲ့ တစ်နေရာရာမှာ right-click နှိပ်ပြီး new->integer ကို ရွေးပါ။ ပြီးရင် အဲဒါကို nglayout.initialpaint.delay လို့နာမည် ပေးပြီး တန်ဖိုးကို "0" လို့ သတ်မှတ်ပေးပါ။
ဒီဟာကတော့ ရလာတဲ့ information တွေကို browser တုံ့ပြန်ဖို့စောင့်ရတဲ့အချိန်ပါ။
{http://lifehacker.com/software//speed-up-firefox-030871.php} မှ ပြန်လည် ဘာသာပြန် ကူးယူဖော်ပြပါသည်။
13 October, 2008
ကျောင်းပြန်ဖွင့်ချိန်
သြော်... ကျောင်းတောင် ဟိုဟာလှည့် ခေါင်းလှည့်နဲ့ ပြန်ဖွင့်ပကိုး... မောင် Harry တစ်ယောက် ကျောင်းပိတ်ရက်လည်း ချာလပတ်ရမ်းနေလို့ Blog ဘက်တောင် ခြေဦးလှည့်.. အဲ.. လက်ဦးမလှည့်နိုင်ဘူး။ ဒါပေမယ့် တွေးမိတာလေးတွေတော့ ချရေးထားတယ်။ နောက်ဖြည်းဖြည်းတင်တာပေါ့။
ဒီနေ့ ကျောင်းပြန်ဖွင့်တဲ့ ပထမဆုံးနေ့ဆိုတော့ ဘာလုပ်ရလဲဆိုတဲ့ အတွေ့အကြုံကို အတိုဆုံးနဲ့ အမှန်ဆုံး Share ရရင်..
Fresh day! Go class, meet teacher, say hi, come back =D
ကဗျာတစ်ပုဒ်လဲ စပ်ထားမိသေးတယ် အဟက်...
ဘော်ဒါရင်းတွေ ပြန်စတွေ့
အရင်လိုနှုတ်ဆက် အထာကအပြည့်
ဘယ်လိုလဲ ဘာလဲ အာ ကတွေ့
စာအကြောင်း ပေအကြောင်း အသာခဏမေ့
ဒီအပတ် စနေက ပြန်စ၍
ဘယ်သွား ဘာစား ဘာလုပ်မလေ့
အို.. ဒါနဲ့ ဒါနဲ့..
ရှိုးလိုက်စမ်းဟေ့ ရေကန်နားအကွေ့
ဟိုကောင်မလေး လန်သဟ အဟေ့
06 October, 2008
GEM လျှောက်လျှင်
GEM တွေရွေးရပြီး လျှောက်ရကုန်ပြီ။ မောင် Harry တစ်ယောက် မနက်က GEM လျှောက်တာမှာ မရခဲ့လို့ ပြာပြာ ပြာပြာနဲ့ အိမ်ကို အမြန်ပြန်လာတာ။ ည ကိုစောင့်ပြီး လျှောက်ရဦးမယ်။ ဒီ post တင်တာ နည်းနည်း နောက်ကျသလိုရှိပေမယ့် GEM စစ လျှောက်ရမယ့် ညီငယ် ညီမငယ် များ အတွက် GEM လျှောက်ရ ပိုအဆင်ပြေအောင် Tips တချို့ကို မျှဝေချင်ပါတယ်။
- အရေးကြီးဆုံးက GEM လျှောက်လျှင် Internet Explorer (IE) ပဲသုံးပါ
- မလျှောက်ခင် ကိုယ့် Timetable ကို သေချာ ကြည့်ပြီး GEM အတွက် အချိန် ထုတ်ထားပါ။
- ပြီးလျှင် ကိုယ်လိုချင်သည့် GEM အကြောင်း ဂဃနဏ သိပါစေ။ အချို့အချို့သော GEM များ စာခက်တတ်သည်။ ယူဖူးသော Senior များကို အရင် မေးကြည့်ပါ။
- လျှောက်ရမည့် အချိန်ကို သေချာမှတ်ပါ ။ မှားဖတ်တတ်ပါသည်။ mysas ထဲတွင်ရေးထားသော Time Slots များသာ ကိုယ်နှင့်ဆိုင်ပါသည်။
- လျှောက်ရမည့် အချိန် မတိုင်ခင် mysas ထဲကြိုဝင်ထားပါ။ သူ့ site ထဲမှ နာရီအတိုင်း အတိကျ လျှောက်ခွင့် ဖွင့်ပေးပါသည်။ အချိန်ကပ်လာလျှင် refresh လုပ်ပြီး စလျှောက်လို့ရပါပြီ။
- မလျှောက်ခင် ကိုယ်ယူမည့် Module , ယူလိုသည့် အချိန် များကို note ပေါ်တွင် Copy Paste ထားပါ။
- တစ်ခုမရလျှင် နောက်တစ်ခု ချက်ချင်း ပြောင်းလျှောက်နိုင်အောင် Requirement နှင့် Category ကိုပဲ ဖြည့်ပြီး Search လုပ်ပါ ။ တစ်ခု close ဖြစ်လျှင် နောက်တစ်ခု ချက်ချင်း ပြောင်းလျှောက်ရလွယ်သည်။
03 October, 2008
မှတ်ထားတယ်ခင်ည
ကျနော် မနေ့က ပါးစပ်စေ့မရအောင် ပြုံးစိစိဖြစ်နေရတဲ့ အကြောင်းတစ်ခု ပြောပြမယ်။ ကျနော်တို့တွေ တစ်ခါတစ်လေကျရင် အသေးအဖွဲလေးတွေကို မကျေမနပ်ဖြစ်ပြီး မှတ်မှတ်ထားတတ်တယ်။ ဘာလို့မှတ်ထားတာလဲ ဆိုတော့ ထုတ်ပြောရလောက်အောင်ထိ ကိစ္စက မကြီးဘူး။ ဒါပေမယ့် မကျေမချမ်းကလဲ ဖြစ်ဆိုတော့ တေးထားတတ်ကြတယ်။ အဲဒါလေးနဲ့ ပတ်သက်လို့ ကျနော့်သူငယ်ချင်းနဲ့ ကျနော်နဲ့ကြားက လွှတ်ကနဲစီ ထွက်သွားကြတဲ့ Conversation တစ်ခုပါ။
သူငယ်ချင်းအကြောင်း အရင်ပြောပြမယ်။ ITP အတူတူဆင်းတဲ့ တရုတ်သူငယ်ချင်းပါ။ အဲဒီသူငယ်ချင်းက ခင်ဖို့အရမ်းကောင်းတယ်။ သူကလဲ လူတွေကို ခင်တတ်တယ်။ စတွေ့စလူတွေဆို မေးခွန်းတွေအစုံ လျှောက်မေးတော့တာပဲ။
တစ်ရက် အဲဒီသူငယ်ချင်းရယ်၊ အလုပ်က မြန်မာအကိုကြီးရယ်၊ ကျနော်ရယ်သုံးယောက် နေ့လည် ထမင်းစားအပြန် အဲဒီသူငယ်ချင်းက မြန်မာအကိုကြီးကို စကားတွေဘာတွေပြောရင်း လျှောက်မေးနေလေရဲ့။ ကြာတော့ အဲဒီအကိုကြီးလဲ နည်းနည်း နားအူလာပုံရတယ်။ မြန်မာလို "မင်းဘော်ဒါစကား များတယ်နော်ဟေ့ကောင်" တဲ့။ အဲဒါကို ဆရာသမားကလဲ စကားပြောတာမရပ်ဘူး ထပ်မေးနေလေရဲ့။ အဲဒီ မြန်မာအကိုကြီး "နှစ်ကုန်လောက်သွားရမယ့် နိုင်ငံက တော်တော်ပူတယ်ဆို ဟုတ်လား" တဲ့။ အဲတော့ မြန်မာအကိုကြီးလဲ ရယ်ပါလေရော။ ပြီးတော့ "ငါဘယ်လိုသိမှာလဲ" လို့ မြန်မာလိုပြောတယ်။ ကျနော်ပြောခဲ့ဘူးသလိုပဲ နားမလည်တဲ့စကားနဲ့လည်းပြော ရယ်လဲရယ်နေတော့ မခံစားနိုင်ဘူး။ သူငယ်ချင်းကလဲ တော်တော်ခုသွားပုံရတယ်။ သူက ပြောတယ် "ငါက မိတ်ဖြစ်ဆွေဖြစ် စကားရှာပြောနေတာပါ" တဲ့။ ဒါနဲ့ ကျနော်လဲ ဟုတ်တော့ဟုတ်တယ်လေ သူဘယ်လိုလုပ်သိမှာလဲ ဆိုတဲ့သဘောနဲ့ "What makes you think he knows?" လို့ ပြောမိလိုက်တယ်။ ကြည့်ရတာ တော်တော် မကျေနပ်သွားပုံရတယ်။ ဒါပေမယ့် သူထုတ်မပြောခဲ့ဘူး။
ဇာတ်လမ်းက မနေ့ညနေ ရုံးအဆင်းကားပေါ်မှာ။ အဲကျမှ သူစိတ်ထဲမှာ မှတ်ထားမှန်းသိလိုက်တာ။ ကျနော်က "GERMAN CENTER" ဆိုတဲ့ အဆောက်အအုံကြီးတွေ့တော့ ဘာရယ်မဟုတ်ဘူး မေးလိုက်တာ "What's that German Center?" ဆိုပြီး။ အဲဒီမှာ ဆရာသမားက "What makes you think I know?" ဆိုပဲ။ ကျနော်လဲ လွှတ်ကနဲထွက်သွားတယ်။ ပိုပြီး စိတ်ဆိုးသွားပုံရတယ် ဟီးး...။ ကျနော်ပြောလိုက်တာက "Because I thought you are wiser than me" လို့။ သူငယ်ချင်းကို အဲလိုပြောလိုက်ရလို့ ပြန်ပြောပြနေတာ မဟုတ်ဘူး။ လူတွေရဲ့ မှတ်ထား တေးထားတတ်တဲ့ စရိုက်ကို မြင်လာလို့ပါ။
ကျနော်တို့လဲ တစ်ခါတစ်လေ စိတ်ထဲမှာ ခုလုခုလုလေးတွေ နေ့စဉ် သွားလာပြောဆိုမှုတွေမှာ တွေ့တတ်ကြပါတယ်။ မေ့ပစ်ပြီး ပုံမှန်ပဲ ဆက်ဆံနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ (ကျနော်လည်း ကျိုးစားတုန်းပဲ။ တစ်ခါတစ်လေ ရကိုမရဘူး)
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
02 October, 2008
Some infos for school intakes
ကျနော့်ညီတော်မောင်ကို ကျောင်းရှာဖို့အတွက် အလွယ်တကူ ဖြစ်အောင်ဆိုပြီး အားတုန်းက Singapore ကကျောင်းတချို့ရဲ့ Intake period တွေ၊ Application အတွက်လိုအပ်တာတွေကို ကျောင်းအလိုက်စုပေးထားတဲ့ link တချို့ပါ။ ကျောင်းရှာနေတဲ့ သူငယ်ချင်းတချို့ကို ပြန်ဝေမျှလို့ရအောင် မျှဝေလိုက်ပါတယ်။ Singapore Poly က မြန်မာ ကျောင်းသားများအတွက် April intake လက်ခံနေပါပြီ။
ဒါက pdf file ပါ။
ဒါက word file ပါ။
01 October, 2008
Amir ပြောတဲ့ Sincerity
Amir ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အသက် က ကျနော့်ထက် အများကြီး ကြီးတယ်။ လူကောင်ကတော့ ပိန်သေးသေးပဲ။ တော်တော်ရင့်ကျက်ပြီး စာသိပ်တော်တယ်။ ဘာလို့ အဲလောက် တော်နေတာလဲ ဆိုတာကို တစ်ရက် သိခွင့်ရလိုက်တယ်။
ပြီးခဲ့တဲ့ Semester က Design and Fabrication Project ဆိုတဲ့ ကားလုပ်ရတဲ့ Project လုပ်ရတယ်။ အဲဒီမှာ (အတိုချုံးပြောရရင်) မလုပ်တတ် လုပ်တတ်နဲ့ လုပ်ကြတာ အဖွဲ့အားလုံး တော်တော်ရွာလည်ကြတယ်။ Amir အဖွဲ့ရဲ့ Process ကိုကြည့်တော့ တော်တော် မြန်ပြီး သပ်သပ်ရပ်ရပ်ရှိနေတာကို တွေ့ရတယ်။ Project လည်းပြီး စာမေးပွဲတွေလဲ ဖြေခါနီးကို သူနဲ့စကားပြောဖြစ်တယ်။ သူ့ရဲ့ Laptop ထဲ က folder တစ်ချို့ကို ကျနော့်ကို ပြတယ်။ Project တစ်ခုလုံးရဲ့ အစ အလယ် အဆုံး ကိုအားလုံး အသေးစိတ် သူစဉ်းစားထားတဲ့ဟာတွေ။ တော်တော်ကို အကွက်စေ့တယ်။ မူလီတွေ တစ်ပေါက်နဲ့ တစ်ပေါက် ပုံမှာ တည့်နေပေမယ့် တကယ်တမ်း မတဲ့ တဲ့ဟာတွေ၊ ဂီယာတွေ ချောင်ပြီး ချော်ချော်ထွက်သွားတဲ့ ပြဿနာတွေကို အသေးစိတ် လေ့လာမှုပြုထားတဲ့ ဟာတွေ တစ်ခုချင်းစီပြတယ်။ တော်တော်လေးလေးစားဖို့ကောင်းတယ်။ သူဘာပြောလဲဆိုတော့ "Harry, do you know what is the Secret to Success?"
"The secret to success starts with a 'S' and ends with a 'Y'. ""Sincerity" ကို ဆိုလိုချင်တာပါ။
" ပုံတစ်ပုံတိုင်း၊ မူလီတစ်ရစ်တိုင်းက သူ့အတွက် ပီတိပဲ။ သူရင်းခဲ့ရတဲ့ အားတွေ အချိန်တွေ။ သုံးခဲ့ရတဲ့ ဥာဏ်တွေ ပေးခဲ့ရတဲ့အချိန်တွေ အတွက် ရတဲ့ သူ့ရဲ့ရလဒ်ပဲ။ ဒါကို သူပဲ သိတယ်
ဒီအဖွဲ့ အောင်အောင်မြင်မြင် ပြီးသွားတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို တစ်ဖွဲ့လုံး မျှဝေလို့ရတယ်။ အမှတ်တွေ သူလိုငါလိုရအောင် မျှဝေလို့ရတယ်။ တကယ်တမ်း မျှဝေလို့မရတာ ပီတိ။ တကယ်လုပ်တဲ့ သူပဲ ရတဲ့ ပီတိ။ အဲဒီ ပီတိကို ဘာနဲ့မှ လဲလို့မရဘူး။လုပ်သမျှအရာ အားလုံးကို အကောင်းဆုံး ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ချစ်တတ်တဲ့ အရင်းခံစိတ်လေး ထည့်ပြီး အလုပ်လုပ်ရင် အရာရာမှာ သူများထက် တိုးပေါက်တာ တွေ့ရတယ်။ အခု Amir ဆိုရင် ပုံတစ်ပုံတိုင်း၊ မူလီတစ်ရစ်တိုင်းက သူ့အတွက် ပီတိပဲ။ သူရင်းခဲ့ရတဲ့ အားတွေ အချိန်တွေ။ သုံးခဲ့ရတဲ့ ဥာဏ်တွေ ပေးခဲ့ရတဲ့အချိန်တွေ အတွက် ရတဲ့ သူ့ရဲ့ရလဒ်ပဲ။ ဒါကို သူပဲ သိတယ်၊ သူပဲ အမှန်စင်စစ်ကို ခံစားလို့ရတယ်။ သူပြောသေးတယ်။
"Sincerity, it's easy to say Harry. Try, and you'll know how hard it is to be truely Sincere."သူငယ်ချင်း Amir သင်ပေးတဲ့ သင်ခန်းစာပေါ့ဗျာ။ ကျနော်လဲ ကျိုးစားဆဲပါ။ အရာရာမှာ စိတ်ဓာတ်လေး အရင်းခံပြီး ပြောဆိုဆက်ဆံ ပြုမူလုပ်ဆောင် နိုင်ကြပါစေ။ ။
