27 August, 2010

The Next Episode

၂၂ ရက်နေ့က SP မှာ နှစ်တိုင်းလုပ်လေ့ရှိတဲ့ သင်္ကြန်အထိမ်းမှတ် ကပွဲလုပ်တယ်။ အဲမှာ အကတစ်ခုဝင်ကဖြစ်တယ်။ ငယ်ငယ်တုန်းက မြင်ဖူးတဲ့ (ငါတော့ တသက် မလုပ်နိုင်လောက်ပါဘူးလို့ ထင်ခဲ့ဘူးတဲ့) အကွက်တွေကို ကျင့်ကြည့်တော့မှ အချိန်ပေးပြီး ပုံမှန်ကျင့်ရင် ရနိုင်မှန်းသိလိုက်တယ်။ ဘဝအတွက် အမှတ်တရပေါ့။ ပွဲမှာတော့ လိုအပ်ချက်လေးတွေရှိခဲ့ပေမယ့် ဘာပဲပြောပြော အားလုံး အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့အတွက် အားရတယ်ဗျာ။ ပွဲလာမကြည့်ဖြစ်လိုက်တဲ့သူတွေ၊ ထပ်ကြည့်ချင်တဲ့သူတွေအတွက် အောက်မှာ video တင်ပေးလိုက်ပါတယ်။



နောက် အမှတ်ရစရာ တစ်ခုကတော့ အဲဒီ ၂၂ ရက် နေ့ကပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော့် ချစ်သူနဲ့ တွဲလာတာ ၂ နှစ်ပြည့်တဲ့နေ့ဖြစ်နေတယ်။ ပွဲကလဲ ရှိ၊ သူကလဲ စာမေးပွဲတွေရှိတော့ သိပ်ထူးထူးခြားခြား မလုပ်ပေးလိုက်ရပေမယ့် အမှတ်တရ video လေးတစ်ခု လုပ်ပေးဖြစ်တယ်။



အဲ.. ဒီနေ့တော့ ရန်ကုန်ကနေ အဖေလာမယ်.. လုပ်ချင်တာတွေကို ကျောင်းပိတ်တုန်း ဆိုပြီး လှိမ့်လုပ်နေတာ၊ NTU ဖွင့်မယ့်ရက်က ကပ်လာပြီ။ ၂၉ ရက်နေ့ကို အဆောင်ပြောင်းဖြစ်မယ်။ NTU မှာ Computer Engineering ကို ၄ နှစ်တက်ရမယ်။ နောက်ပိုင်း အားရင် အားသလို့ NTU က အတွေ့ကြုံတွေ ပြန်ဝေမျှပါဦးမယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။