28 October, 2008

ကြုံဖူးပေါင်

မွေးနေ့တွေ တော်တော်များများ ကြုံဖူး သွားဖူးပါတယ်။ ဒါပေမယ့် ဒီမွေးနေ့ လုပ်တဲ့ အချိန်၊ မွေးနေ့ ကိတ်နဲ့ မွေးနေ့ ဖယောင်းတိုင်မျိုးတော့ တစ်ခါမှကို မတွေ့ဖူးဘူး။ မောင်ပြည့် (ပြည့်စိုးစံ) မွေးနေ့ပါ။ ၂၆ ရက်နေ့ ညဘက် ညကြီးအချိန်မတော်ကို ချစ်လှစွာသော နောင်တော်ကြီးတွေဆီမှာ တံခါးပိတ်အစည်းဝေး (Air-Con မအေးမှာစိုးလို့) လုပ်ကြပါရော။ လုပ်ရင်းနဲ့ ညကူး (ညကူးတာလား မနက်ကူးတာလားတော့ မသိဘူး တစ်ခုခုကူးသွားတာပဲ) သွားတော့ ဖုန်းမှာ ၂၇ ရက်နေ့အတွက် မှတ်ထားတာလေး မြင်လိုက်တယ် မောင်မင်းကြီးသား မွေးနေ့ပဲ။ ဒါနဲ့ နောင်တော်ကြီးတွေကို လက်တို့ပြီး မနက် ၁ နာရီ လောက်ကို ကိတ်မုန့်ရှာပုံတော် ဖွင့်ကြတယ်။ ဟိုဆိုင်မရ သည်ဆိုင်မရ နဲ့ နောက်ဆုံး ရေခဲမုန့်ပဲ လုပ်ကွာဆိုပြီး ရေခဲမုန့်ဘူးကို ကိတ်မုန့် အမှတ်နဲ့ ဝယ်လာကြပါရော။ ပြီးတော့ ဖယောင်းတိုင်ကလဲ အဲချိန်ကျမှ ရှာမရဖြစ်နေတယ်။ (ရန်ကုန် လွမ်းလိုက်တာ) နောက်ဆုံး Pocky အချောင်းတွေကိုပဲ ၂၁ ချောင်းပြည့်အောင် စိုက်ပြီး (မောင်ပြည့် အသက် ၂၀ပြည့်သွားပြီ ဆိုတာကျနော် မပြောဘူးနော်) အောင်မြင်စွာ ညကြီး အဲ.. မနက်ကြီး အချိန်မတော်မှာ ကျင်းပလိုက်ကြတယ်။ (မွေးနေ့မှာတောင် အစည်းဝေးလုပ်နေတယ် ဆိုတော့ တစ်သက်လုံး ဒါပဲပေါ့နော် ဟိ...) မောင်မင်းကြီးသား သက်တော် (ရှည်ချင်သလောက်) ရှည်ပါစေဗျား...