၂) ကျနော်တို့တတွေ Online မှာ Account ပေါင်း သောင်းခြောက်ထောင်ရှိတတ်တယ်။ ပြီးတော့ မသုံးတာကြာတော့ မေ့ရော။ Password မေ့တာရှိသလို Username မေ့တာလဲ ရှိတယ်။ အဲဒါတွေကို Site Address ရယ်၊ Username ရယ်၊ Password ရယ်ကို သတ်သတ်မှတ်မှတ် တစ်နေရာမှာ list လုပ်ပြီး သိမ်းထားပါ (soft copy ပိုကောင်း၏)။ အရမ်းအရေးကြီးတာတွေ ကိုတော့ ကိုယ့်ဟာကိုယ် ကြည့်ကျက်လုပ်ပေါ့။
၃) ပြီးတော့ ကျနော်တို့ ရေးခဲ့သမျှ blog post တွေကို back up လုပ်ထားသင့်ပါတယ်။ ဘာပဲပြောပြော စိတ်နှစ်ပြီး အချိန်ကုန်ခံ၊ ဦးဏှောက် အစားခံရေးခဲ့ ရတာတွေဆိုတော့ တန်ဖိုးထားသင့်ပါတယ်။ ကောင်းတာက html ပိုင်းပါတာကို ကူးပြီး သိမ်းပါ။ ဒါမှ အထဲမှာပါတဲ့ အသေးစိတ်ကို ပါ ကူးပြီးသားဖြစ်မှာ။
ကျနော်စဉ်းစားမိသလောက် တင်ပြလိုက်ပါတယ်။ တခြား back up လုပ်ထားသင့်တာလေးတွေ ရှိရင်လဲ မျှဝေပြောပြကြပါဦး။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။
