27 December, 2008

BBQ စီစဉ်မယ်ဆိုရင်

ဒီရက်ပိုင်းက ပွဲတွေတစ်ခုပြီး တစ်ခုဆက်နေတယ်။ BBQ တွေလဲ အများကြီးပဲ။ BBQ တစ်ခုကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားဖို့ စီစဉ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းနည်းပြောပြချင်တယ်။ MRT station တွေတော်တော်များများနဲ့ ATM တွေနားမှာ ရှိတဲ့ AXS ဆိုတဲ့ စက်မှာအရင်သွားပြီး Booking လုပ်ရတယ်။ NETS နဲ့ ပေးပြီး booking လုပ်ရတာ။ ကောင်းတာကတော့ တစ်လလောက်ကြိုပြီး လုပ်ထားရင် စိတ်ချရတယ်။ ဒီလလိုမျိုး ပွဲကြပ်တွေနဲ့ ကြုံရင် ၂ လ လောက်ကတည်းက Booking လုပ်ထားရတယ်။ မဟုတ်ရင် နေရာမရဘူး။ ကဲ.. နေရာ Booking လုပ်ပြီးသွားရင် စားဖို့ စီစဉ်ရမယ်။ ကိုယ့်ဟာကိုယ် စားချင်တဲ့ အသားစိမ်း ငါးစိမ်းကို တွေ့တဲ့ ဈေးမှာ သွားဝယ်လို့ရသလို ကရိကထများတာ မခံနိုင်သူများအတွက် EZB ဆိုတဲ့ BBQ service တစ်ခုရှိတယ်။ အရင်တစ်ခေါက်က စမ်းပြီးမှာကြည့်တာ တော်တော်လေး အဆင်ပြေတယ်။ ပေးရတဲ့ service charge နဲ့ အဆင်ပြေမှုနဲ့ စာရင် တန်ပါတယ်။ သူက ဖုန်းဆက်ပြီး အချိန်၊ နေရာ နဲ့ ရက်ပြောရုံပဲ။ စိတ်ဝင်စားရင် ဒီမှာ သွားကြည့်လို့ရပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး BBQ စီစဉ်နိုင်ကြပါစေ။ ။

(မှတ်ချက် ။ ။ ကြော်ငြာခြင်းမဟုတ်ပါ။ အဆင်ပြေမှုကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။ =D )