28 December, 2008

ကျောင်းလခ ပေးလျှင်

ဒီရက်ပိုင်း ကျောင်းလခတွေ သွင်းရတယ်။ တချို့ ညီ၊ ညီမငယ်တွေ စမ်းတဝါးဝါးနဲ့ ဘယ်လိုပေးရမှန်းမသိဘူး ဖြစ်နေတယ်။ ကျောင်းသားသစ်တွေမှ မဟုတ်ဘူး ကျောင်းသားဟောင်း ဘော်ဒါတစ်ချို့လဲ လည်နေတာရှိတယ်။ ကျောင်းလခတွေက ပုံမှန်အားဖြင့် ကျောင်း Mid-Term ပိတ်ခါနီး၊ ပိတ်နေဆဲနဲ့ ပြန်ဖွင့်ဖွင့်ချင်းတွေမှာ တောင်းတတ်တယ်။ ကျောင်းလခကို ပုံစံ ၃မျိုးနဲ့ ပေးလို့ရတယ်။

ပထမ တစ်ခုက ကျောင်းစအပ်ကတည်းက GIRO ဆိုပြီး ဘဏ်နဲ့ချိတ်ပြီး အချိန်တန်ရင် သူ့အလိုလို နှုတ်သွားတာ။ ကျောင်းသားတစ်ချို့လုပ်ကြတယ်။ ကျနော်တော့ နှစ်စတုန်းက မလုပ်လိုက်မိဘူး။

နောက်တစ်နည်းက ကျောင်းက Main-Library နဲ့ မျက်နှာချင်းဆိုင်မှာ Finance Department ဆိုတာရှိတယ်။ အဲဒီမှာ သွားပြီး NETS နဲ့ပေးလို့ရတယ်။ ကျောင်းလခသွင်းဖို့ စာရွက်လာတဲ့အခါ ကျောင်းမှာ ငွေလက်မခံဘူး ဘာညာနဲ့ ရေးထားတတ်တယ်။ ဟုတ်ပါတယ်။ ငွေသားတော့ လက်မခံဘူး၊ ဒါပေမယ့် NETS နဲ့သွားပေးလို့ရတယ်။ ဒီတစ်ခေါက် တချို့ပြောကြတာ loan ယူထားမှ အဲဒီမှာ သွားပေးလို့ရတယ် လို့ပြောတယ်။ မဟုတ်ပါဘူး။ လူတိုင်းပေးလို့ရပါတယ်။ ကျနော်တောင် အဲဒီမှာသွားပေးလာတာ။

နောက်တစ်နည်းက စာရွက်ထဲမှာ လမ်းညွှန်ထားတဲ့အတိုင်း Standard Charter Bank မှာ ငွေသား သွားပေးလို့ ရပါတယ်။ အနီးဆုံးက Holland Village (Buona Vista) က ရုံးခွဲပါ။

တစ်ချက်သတိပေးချင်တာကတော့ ရက်လွန်ရင် ဒဏ်ကြေး $15 ပေးရတယ်ဆိုတာပါ။ အိမ်ကို စာရောက်ကတည်းက သွားပေးထားလိုက်တာ စိတ်ချရတယ်။ ။

(မအိဖြူရေးပေးတဲ့ လမ်းညွှန်ပါ | updated:3rd Jan,09)

Holland Village ကိုသွားချင်ရင် ကျောင်းကနေ ၁၀၆ စီးသွားနိုင်ပါတယ်။ ကျောင်းဖက်ခြမ်းကမဟုတ်ပဲ လမ်းကူးပြီးသွားရတဲ့ဖက်ကပါ။ ဘယ်မှာဆင်းရမလဲဆိုတော့၊ Bouna Vista mrt ကျော်ပြီး ရင် ကားက ဘယ်ဘက်ကို ချိုးသွားပါလိမ့်မယ်၊ ကားကွေ့ကွေ့ချင်း မှတ်တိုင်မှာ ဆင်းရမှာပါ။ ဆင်းပြီးရင် ၁၀မိနစ်လောက် လမ်းတစ်ခါပြန်လျှောက်ရပါမယ်။ ဘယ်လိုလျှောက်ရမလဲဆိုတော့၊ ကားမှတ်တိုင်ရဲ့ နောက်မှာ ဈေးတစ်ခုရှိပါတယ် အဲ့ဒီကနေ ကားလမ်းအတိုင်းလျှောက့်ရုံပါပဲ။ ဈေူးအဆောက်အဦးက နှစ်ခုရှိပါတယ်၊ ကားမှတ်တိုင်နောက်က အဆောက်အဦးမဟုတ်ပါဘူး။ အဲ့ဒီအတိုင်း ဆက်လျှောက်သွားပြီးမှ ရောက်တဲ့ ဒုတိယ အဆောက်အဦးမှာပါ၊ ပထမ guardian နဲ့ watson ကျော်သွားပြီးရင် POSB နဲ့ UOB bank နှစ်ခုကိုအရင် ဖြတ်ရပါမယ်။ နောက် ဆိုင် ၃ ခုလောက် ကျော်မှ Standard chartered Bank ကိုရောက်ပါတယ်။ အဲ့ဒီနေရာက တစ်ခြား bank တွေထက်စောပိတ်ပါတယ်။ စိတ်ချရအောင် ၃ နာရီ မထိုးခင်သွားတာအကောင်းဆုံးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။