ရွှေကို အသက် ၁၆ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ၊
ငွေကို အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ၊
ကြေးကို အသက် ၁၄ နှစ်မှ ၂၄ နှစ် အတွင်း လူငယ်များ ရယူနိုင်ပါတယ်။
ကြေးကို ၆လ အနည်းဆုံး၊
ငွေကို ၁၂လ အနည်းဆုံး နှင့်
ရွှေကို ၁၈လ အနည်းဆုံး လုပ်ဆောင်ရမှာဖြစ်ပါတယ်။
NYAA ရွှေ ကိုပဲ ပြောရမယ်ဆိုရင် ကျောင်းတွေ ဒါမှမဟုတ် NYAA council မှာ enroll လုပ်လိုက်ပါ။ သူ့မှာ ကဏ္ဍ ၅ ခုပါပါတယ်။ အဲဒါတွေကို သူသတ်မှတ်ပေးတဲ့ နာရီပေါင်း ကို လိုက်လုပ်နိုင်ပြီး မှတ်တမ်းနှင့်တကွ တင်ပြနိုင်ရင် ဆုရပါပြီ။
ကဏ္ဍ ၅ခုမှာ ဘာတွေပါလဲဆိုတော့
၁) Service :- ၁၂ လ အချိန် အတွင်းမှာ နာရီ ၆၀ စာ Community Service လုပ်ပေးရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက် ၂ခါလောက် ခွဲပြီး တပျော်တပါးကြီး လုပ်လိုက်ရင် နာရီ ၆၀ဆိုတာ အသာလေး ပြီးပါတယ်။
၂) Adventurous Journey :- တောင်တက် ဒါမှ မဟုတ် တောနက်ထဲကို အဖွဲ့နဲ့ တစ်ခေါက် သွားရမှာ ဖြစ်ပါတယ်။ သဘာဝကို ထိတွေ့ရမယ့် အပိုင်းဖြစ်လို့ ပျော်စရာကောင်းသလို အတွေ့ကြုံလဲ ရပါတယ်။ ကိုယ့်ဟာကို အဖွဲ့ဖွဲ့၊ စီစဉ်ပြီး သွားလည်းဖြစ်ပါတယ်။ SP International Student Club ကလဲ နှစ်တိုင်း မလေးရှားကို NYAA trip တစ်ခု စီစဉ်ပေးပါတယ်။ သူတို့နဲ့ လိုက်သွားလည်း ပျော်စရာကြီးပါ။
၃) Skill :- ၁၈ လစာ လေ့လာ ဆည်းပူးထားတဲ့ ကိုယ် တတ်ကျွမ်းတဲ့ ပညာတစ်ခုခုကို ပြသရမှာ ဖြစ်ပါတယ်။ (ဥပမာ။ ။ နိုင်ငံခြား ဘာသာ သင်ယူခြင်း၊ အဖွဲ့ အစည်းများကို ဦးဆောင်နိုင် ခြင်း စသည်) ဒါကတော့ ကျောင်းမှာ German ဘာသာဖြစ်ဖြစ် Japan ဘာသာဖြစ်ဖြစ် Semester ၂ ခုစာလောက် ဆက်တိုက် တက်လိုက်ရင် အဆင်ပြေပါတယ်။ ဒါမှမဟုတ် တခြား ကားမောင်းတာတို့ ဘာတို့ Skill ပိုင်းဆိုင် ရာ တစ်ခုခုကို လေ့လာဆည်းပူးနိုင်ပါတယ်။
၎) Physical Recreation :- ၁၂ ပတ်စာ အချိန် အတွင်းမှာ နာရီ ၄၀ စာ လိုက်စားထားတဲ့ ကျန်းမာရေး ကဏ္ဍတစ်ခုကို ဖော်ပြရမှာ ဖြစ်ပါတယ်။ (ဥပမာ။ ။ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည်) သူငယ်ချင်းတွေနဲ့ အပတ်တိုင်း ရေကူး၊ စက်ဘီး၊ စကိတ် လျှောက်စီး၊ ပြေး၊ တစ်ခုမဟုတ် တစ်ခုကို ပျော်ပျော် ပါးပါးကြီး အတူတူ ပုံမှန်လုပ်သွား ရင် နာရီ ၄၀ ဆိုတာ ဘယ်လို ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။
၅) Residential Project :- အဖွဲ့ တစ်ဖွဲ့ နှင့်အတူ community ဆိုင်ရာ ကဏ္ဍများကို စတင် ဦးဆောင် စီစဉ် ရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းက စီစဉ်ပေးတဲ့ အဖွဲ့ကို ဆက်သွယ်ရပါတယ်။ သူတို့ ချပေးတဲ့ Project မှာ ပါဝင် လုပ်ဆောင်နိုင်ရင် ပြီးပါတယ်။
ကဲ.. အဲဒါတွေကို ပြည့်အောင် ဖြည့်နိုင်တယ်၊ ပြီးအောင် လုပ်နိုင်တယ်ဆိုရင် ဆုရပါပြီ။ လုပ်ခဲ့သမျှ ဟာတွေကို မှတ်တမ်း မှတ်ရာ ဓာတ်ပုံတွေနှင့်တကွ ထောက်ခံစာတွေနှင့် တွဲပြီး အတွေ့အကြုံတွေ ကို ရေးတင်လိုက်ရင် ရပါပြီ။ နှစ် ရှည် လများ ကြိုးစားပြီးမှရတဲ့ ဆုပါ။ ပြိုင်လို့ရတာမဟုတ်ပဲ၊ ရအောင် လုပ်ယူရတဲ့ ဆုမျိုးဖြစ်တဲ့အတွက် ဘာမှ အဖတ်မတင်ရင်တောင် ကိုယ့်ရဲ့ ဘဝမှာ ဇွဲကိုရင်းပြီး ကြိုးစားမှု ကြောင့် ရလာတဲ့ မှတ်ကျောက်တစ်ခုအနေနဲ့ သိမ်းထားလို့ရတဲ့ ဆုမျိုးပါ။ SP ကျောင်းသားများ လျှောက်ချင်တယ်ဆိုရင် mysas မှာ NYAA self service ဆိုတာမှာ လျှောက်လို့ရပါတယ်။ ကျောင်း အပြီး၊ ဆုအရ အတော်ပါပဲ။ ၃နှစ်အတွင်းမှာ Diploma တစ်ခုအပြင် ဆုတစ်ခုပါ ရတာပေါ့။ မသိလိုက်လို့ ကျော်သွားတာမျိုး မဖြစ်ရလေအောင် မျှဝေလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။
