28 February, 2009

Philippines Overseas Community Service

ဝူးဟူး.… =D စာမေးပွဲပြီးသွားပြီ။ ပြီးသွားတာက ၂၅ ရက်နေ့ညနေ ကတည်းက.. အဲဒီကတည်းက လျှောက်သွားပြီး ကမြင်းနေလိုက်တာ ခုမှအေးဆေး အချိန်ရ၏။ အချိန်တွေက မြန်သည်။ ဘာလိုလိုနဲ့ ဒုတိယနှစ်တောင် ပြီးသွားပြီ။ နောက်တစ်နှစ်လဲ ရှလွတ်ကနဲ ကုန်ဦးမည်။ ပြီးသွားသွားခြင်း လုပ်စရာတွေ အများကြီးရှိမှန်းသိလိုက်သည်။ လုပ်ချင်တာတွေက ပိုများ၏။ လုပ်ချင်တာတွေ ခဏ ဘေးချိတ်ပြီး လုပ်စရာတွေ အရင်ဖြတ်ရသည်။ ၁၄ ရက်နေ့ဆို Philippines Oversea Community Service က သွားရတော့မည်။ ကြားရက်တွေအကုန် training အတွက် မနက် ၈ ည ၅ ယူထားခံရ၏။

Philippines Community Service ဆိုတာ ဘာလဲလို့ ပြောပြမယ်။ သူက အကြမ်းဖျင်းပြောရရင်တော့ သူ့ title အတိုင်းပဲ Philippines သွားပြီး community service လုပ်ပေးရတာ။ အဲဒီ project ကို ကျောင်းက Electrical and Electronic Engineering Department က ဆရာတွေ ဦးစီးပြီး လုပ်တာ။ တစ်နှစ်ကို တစ်ခေါက် သွားတယ်။ တစ်နှစ်နဲ့ တစ်နှစ် ဖွဲ့တဲ့ လူဦးရေ မတူဘူး။ ဒီတစ်ခေါက် အဖွဲ့ထဲမှာ လူ ၂၈ ယောက်ပါတယ်။ ဒီ Community Service ကို ကျောင်းမှာ ဒုတိယနှစ်ပြီးရင် လုပ်ရတဲ့ Industrial Training Programme (ITP) အနေနဲ့ လဲယူလို့ရတယ်။ ဘာတွေ လုပ်ရလဲဆိုတော့၊ အိမ်ရှင် နိုင်ငံက တောင်းဆိုတဲ့ Core project တွေ လုပ်ပေးရမယ်။ ပြီးရင် Value-added project တွေ လုပ်ပေးရမယ်။ ဒီတစ်ခေါက် အသွားမှာ ပါမယ့် အစီစဉ်တွေ ကြည့်မယ်ဆိုရင်.. Core project အနေနဲ့ Teen Centre အဆောက်ဦး တစ်ခု ဆောက်ပေးရမယ်။ ပန္နက်ရိုက် မြေတူးရာမှ စလို့ အမိုးမိုး ဆေးသုတ်ပြီးတဲ့ အထိ တာဝန်ယူ လုပ်ပေးရမယ်။ ပြီးရင် elementary school တစ်ခုနဲ့ high school တစ်ခုကို မီးကြိုး သွယ်ပေးရမယ်။ အဲဒါက အိမ်ရှင်နိုင်ငံက တောင်းဆိုတဲ့ ၂၅ ရက်အတွင်း လုပ်ပေးရမယ့် project ပေါ့။

မြန်မာ့အစားစာ အနေနဲ့ ကြာဆံဟင်းခါးချက်မယ်။ ပြီးရင် အတီးမှုတ် အကပြတွေနဲ့ ဖျော်ဖြေတင်ဆက်မယ်။ ကျနော်တို့ ဒိုးပတ်ဝိုင်းပါတယ်၊ ရှမ်းတိုင်းရင်းသားအက ပါတယ်။


နောက် ကျနော်တို့က သတ်သတ်ထပ် ဖြည့်လုပ်ပေးမယ့် project တွေရှိသေးတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ Optometry က ကျောင်းသူတစ်ယောက်ပါတယ်။ သူကဦးစီးပြီး ကျနော်တို့သွားမယ့် နယ်ကလူတွေကို မျက်စိကျန်းမာရေး စစ်ဆေးပေးမယ်၊ ပညာပေး အစီစဉ်တွေ တင်ဆက်မယ်။ နောက်တစ်ခုက LEGO က စက်ရုပ် programming နဲ့ နည်းပညာကို ဟိုက နယ်ကောလိပ်တစ်ခုမှာ သင်ကြားပေးရမယ်။ တခြားတစ်ခုက အဲဒီနယ်က စီးပွားရေး ပညာရှင်တွေကို Kaya လက်တွေ့လုပ်ပြပြီး လုပ်နည်း နည်းပညာပေးမယ်။ သူတို့ကို ဆက်ပြီး ဖြန့်ချီရောင်းချခွင့် မူပိုင်သဘောမျိုးလဲ ပေးမယ်။ လက်မှုပညာအနေနဲ့က ပစ်တိုင်းထောင် လုပ်နည်း သင်ပေးတာရယ်၊ ပန်းခေါက်နည်း သင်ပေးတာရယ် ပါတယ်။

Culture night ဆိုတာလဲ ပါသေးတယ်။ အဲဒီညမှာ ကျနော်တို့ တင်ဆက်နိုင်တဲ့ နိုင်ငံမျိုးစုံက အစားသောက်တွေ တင်ဆက်ရမယ်။ မြန်မာ့အစားစာ အနေနဲ့ ကြာဆံဟင်းခါးချက်မယ်။ ပြီးရင် အတီးမှုတ် အကပြတွေနဲ့ ဖျော်ဖြေတင်ဆက်မယ်။ ကျနော်တို့ ဒိုးပတ်ဝိုင်းပါတယ်၊ ရှမ်းတိုင်းရင်းသားအကပါတယ်။ တခြား မီးတုတ်နဲ့ ကပြတာတို့၊ Diablo အလှပြတင်ဆက်တာတို့၊ ဝူရှုး ကပြဖျော်ဖြေတာတို့ ပါတယ်။

အခြား အစီစဉ်အနေနဲ့က အဲဒီနေရာမှာရှိတဲ့ လူတွေရဲ့ အိမ်ကို random လုပ်ပြီး အဖွဲ့သားတွေ တစ်ယောက်ကို တစ်အိမ် home-stay သွားနေရမယ်။ ဒီနှစ်ကို အထူးအစီစဉ်အနေနဲ့ Manila ကို သွားပြီး Philippines သမ္မတနဲ့ တွေ့ဆုံရမယ်။ ပြီးရင် Boracay ဆိုတဲ့ ကျွန်းမှာ သွားရောက် အပန်းဖြေရခွင့်ရမယ်။

အစီစဉ်တွေကတော့ မကျန်ခဲ့ဘူးဆိုရင် ဒီလောက်ပဲ။ တခြား အသေးစိတ် အစီစဉ်တွေကိုတော့ ခရီးစဉ်တစ်လျှောက်မှပဲ သိရမှာ။ ၇ ရက်နေ့ကို Singapore ကိုပြန်ရောက်မယ်။ Philippines OCS ကတော့ အဲဒီမှာတင် ပြီးသွားပြီ။ သို့ပေမယ့် ပြန်ရောက်ပြီး နောက်တစ်ရက်မှာ မောင် Harry တစ်ယောက် တရုတ်ပြည်ကို ဆက်လက်ချီတက်ပါမည်။

မသွားခင်လုပ်ရမယ့်ဟာတွေ ကလဲ တစ်ပြုံကြီးရယ်။ Food tasting အတွက် ချက်ပြီး တင်ဆက်ရမယ်။ ပစ်တိုင်းထောင်လုပ်နည်းကို တစ်ဖွဲ့လုံးသင်ပေးရမယ်။ visa လျှောက်ရမယ်။ Medical check up ဝင်ရမယ်။ BE constructional training ဆင်းရမယ်။ Electrification briefing တက်ရမယ်။ Costal Cleaning community service သွားပေးရမယ်။

အခု သွားလိုက်ဦးမယ်။ Sungei Buloh ဆိုတဲ့နေရာသွားရမှာ။ ပြန်လာရင် အဲအကြောင်းပြောပြမယ်။

ဒါနဲ့.. Philippines ခရီးစဉ်တစ်လျှောက်ကို တစ်နေ့တာ လုပ်ခဲ့သမျှကို Log Book ရေးဖို့အစီစဉ်ရှိတယ်။ ပြန်လာမှ ဖြစ်စေ၊ ဟိုမှာ connection ရရင်ဖြစ်စေ ကြုံသလို စုပြုံပြီး တင်မယ်။ ဖတ်ဖို့သာစောင့်နေပေတော့ =)
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

07 February, 2009

Online Graphing Calculator

တနေ့ ညက သချာင်္ Assignment အချောသပ် လုပ်မယ်ဆိုပြီး အိမ်ပြန်အလာ၊ လူက ဖျားချင်ချင်ဖြစ်ပြီး ခဏအိပ်လိုက်တာ မနက်ကျမှနိုးရော။ အဲမှာ စတွေ့တာပဲ.. သချာင်္က မနက်အတန်းမှာ ထပ်ရမယ်။ ဒါနဲ့ ဘာလုပ်ဖို့ကျန်သေးလဲ ကြည့်လိုက်တော့ ရထားတဲ့ equation ကို Graph ထုတ်ပေးရမှာ။ စက်ထဲမှာက ကျောင်းက ပေးထားတဲ့ software မရှိဘူး။ ကျောင်းရောက်တော့ အတူတူလုပ်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ပြောပြတာပေါ့။ ဒီလိုဒီလိုပဲ အခြေနေမကောင်းဘူးလို့။ သူငယ်ချင်းတွေကလဲ သိပ်တွေဝေမနေဘူး လာ..Computer Lab သွားမယ်ဆိုပြီး သွားလိုက်တာ။ ဖြစ်ချင်တော့ ပုံမှန်သုံးတဲ့ Lab တွေက အတန်းချိန်တွေဖြစ်နေလို့ ပြည့်နေတယ်။ ဒါနဲ့ လွတ်နေတဲ့ Lab တစ်ခုထဲ ဝင်ပြီး စက်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ စက်ထဲမှာ ကျောင်းက ပေးထားတဲ့ Graphical Calculator ရှိလားလို့ ရှာလိုက်တော့… ရှိဘူး ဆြာ…။ နောက်ဆုံး online မှာ ရှာလိုက်တဲ့ အရှာမှာ။ my.hrw ဆိုတဲ့ Graphing Calculator သွားတွေ့တယ်။ တော်တော်အသုံးဝင်တယ်ဗျာ။ အဲဒီ Assignment အတွက် ကယ်တင်ရှင် ဆိုပါတော့။ တခြား ရှာလို့ရတဲ့ online graphing calculator တွေလဲရှိပါတယ်။ ဒီဟာက ပိုအဆင်ပြေတယ်ထင်လို့ အသုံးလိုရင် ရှာရလွယ်အောင်လို့ ပြန်ဝေမျှလိုက်တာပါ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။

ဆက်ဖတ်ရန်...

Kaya Making Workshop

ဒီနေ့ Philippines Overseas Community Service အတွက် ဆိုပြီး Training Workshop တစ်ခုသွားရတယ်။ (Philippines OCS အကြောင်းကိုတော့ နောက်မှ အသေးစိတ် ရေးဦးမယ်။) အဲဒီ Workshop က Kaya လုပ်နည်းသင်ပေးတာ။ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပြီး၊ ကိုယ်နဲ့ မနီးစပ်တဲ့ နယ်ပယ်တစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ DSC04011

နေ့လည် တစ်နာရီမှာ အဖွဲ့သားတွေနဲ့ ကျောင်းမှာ ရှိတဲ့ Workshop 2, Room 13 ကို သွားကြရတယ်။ အထဲရောက်တော့ ဖိနပ်တွေကို အိတ်စွတ်တွေ စွတ်ရတယ်။ (ဟီး.. တစ်ခါမှ အဲလိုစွတ်ဖူးဘူး) 

Workshop အထဲမှာ မုန့်လုပ်တဲ့ စက်တစ်ချို့နဲ့ တခြား စက်ကြီးတွေ တွေ့ရတယ်။ (အဲဒါတွေတော့ ဓာတ်ပုံရိုက်ခွင့်မပေးလို့ ရိုက်မလာရဘူး) ကျနော်တို့ Kaya လုပ်ရမယ့် နေရာက သပ်သပ်ရပ်ရပ်လေး ရှိတယ်။ မီးဖိုချောင်ကျနေတာပဲ။

DSC04013

Kaya လုပ်နည်းကို workshop ထဲက lab instructor က သေချာရှင်းပြတယ်။ ကြက်ဥရယ်၊ သကြားရယ်၊ အုန်းနို့ရယ်ကို အချိုးကျထည့်ပြီး အချိန်ကျ မွှေပေးရတယ်။ လွယ်လွယ်ပြောရရင် Kaya အစ-အဆုံး လုပ်နည်းက မွှေနေရုံပဲ။ Lab Instructor ပြောပြတဲ့အထဲမှာ မှတ်သားစရာကောင်းတာ တစ်ချို့က bacteria တွေက moisture ကြိုက်ပြီး moisture ရှိနေရင် ပေါက်တယ်၊ အဲတော့ Kaya လုပ်ပြီးရင် ထည့်တဲ့ ဘူးက ရေငွေ့မရှိဖို့အရေးကြီးတယ်တဲ့။ ပြီးတော့ Kaya တည်ထားတုန်း မွှေတဲ့ဟာက သစ်သားမဖြစ်ရဘူး၊ အကောင်းဆုံးက stainless steel ဖြစ်တယ်တဲ့။ ဘာလို့လဲဆိုတော့ သစ်သားဆိုရင် အရင်မွှေဖူးတဲ့ ပါဝင်ပစ္စည်းတွေ အထဲမှာကပ်နေပြီး Chemically react ဖြစ်မှာစိုးလို့တဲ့။

060220091442အစ အဆုံးကို သူတို့ lab က စံသတ်မှတ်ထားတဲ့ ပါဝင်ပစ္စည်းအချိုးစားတွေနဲ့ လုပ်နည်းစံတွေ အတိုင်း လုပ်ပြတယ်။ ကြက်ဥရယ်၊ အုန်းနို့ရယ်၊ သကြားရယ်ကို အချိုးကျ ရောလိုက်တယ်။

ရောပြီးတော့ စ မွှေပါလေရော။ ပထမ ဒီအတိုင်း ရောပြီးသားကို မွှေတယ်။ နောက် ရေနွေးငွေ့ကို အောက်က ပေါင်းခံပြီး အပေါ်တင်မွှေတယ်။ တစ်ဖြည်းဖြည်းနဲ့ အရည်တွေက စေးပြီး ပျစ်တက်လာတယ်။ သတ်မှတ်ချိန်အတိုင်း မွှေပြီးတော့ အပူချိန်တိုင်းတယ်။ အပူချိန်ကိုက်တော့ နောက်တစ်ဆင့်အနေနဲ့ မီးကို လျော့ချလိုက်ပြီး မီးအေးအေးနဲ့ကို ဖြည်းဖြည်းချင်း ကျေအောင်မွှေတယ်။ မွှေရင်းမွှေရင်းနဲ့ပဲ… Kaya ယို ဖြစ်လာပါလေရော။ 

 DSC04036060220091429

သူလုပ်ပြပြီးတော့ ရလာတဲ့ ယိုကို ဗူးထဲထည့်တယ်။ အပူကို အောင်းနေအောင်နဲ့ အထဲက လေတွေမကျန်အောင် ဘူးကို ဆောင့်ပြီး ထည့်တယ်။ နောက်တော့ အဖုံးပါ ပူနေအောင်ဆိုပြီး ဇောက်ထိုးမှောက်ထားရတယ်။

060220091438060220091440

Lab Instructor လုပ်ပြလိုက်တာ အဆင်ကို ပြေလို့။ ပြီးနောက် ကျနော်တို့ သွားတဲ့သူတွေထဲက အုပ်စုနှစ်ခုခွဲပြီး Kaya တစ်အိုးစီထိုးရတယ်။ သူပြောတဲ့အတိုင်း လုပ်ပင် လုပ်သော်ငြား.. အရောင်၊ အနံနဲ့ အရသာ မတူဘူး။ (အဟက်) အဲဒီ မတူတဲ့ Kaya သုံးမျိုးကို ကျနော်တို့တွေ Lab Instructor ကျွေးတဲ့ Biscuit နဲ့တို့စားရင်း ကျနော်တို့ရဲ့ Kaya Workshop Session လေးကို အဆုံးသပ်ခဲ့ပါတော့တယ်။ ။

060220091474

ဆက်ဖတ်ရန်...

03 February, 2009

Jux a pic

ခုတလော စာမေးပွဲကနီး၊ assignment deadline တွေကများဆိုတော့ blog ဘက် လက်ဦးမလှည့်နိုင်လှဘူး။ စာလဲ ရေးဖို့ အာရုံသိပ်မရဘူး။ ဟိုနေ့က laptop file တွေရှင်းရင်းနဲ့ သိမ်းထားတဲ့ ပုံဟောင်း တစ်ပုံတွေ့တယ်။ အဲဒါကို ကြည့်ပြီး ခုတလောရှုပ်နေတဲ့ စိတ်ထဲက ဟာတစ်ချို့နဲ့ တိုက်ဆိုင်တယ်လို့ ခံစားမိလို့ တင်လိုက်တယ်။ ကြည့်ကြည့်...


credit for the picture goes to whoever deserves...


ညည်းခြင်း၊ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ခြင်း၊ ခိုကပ်ခြင်း၊ တွက်ကပ်ခြင်းများ ကင်းဝေးနိုင်ကြပါစေ...

ဆက်ဖတ်ရန်...

01 February, 2009

Snapshot

ခြင်တစ်ကောင်ကို ပန်ကာပေါ်မှာ တွေ့လို့ အမိအရ အနီးကပ် ရိုက်ထားတာ..


ဆက်ဖတ်ရန်...