ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။
07 February, 2009
Online Graphing Calculator
တနေ့ ညက သချာင်္ Assignment အချောသပ် လုပ်မယ်ဆိုပြီး အိမ်ပြန်အလာ၊ လူက ဖျားချင်ချင်ဖြစ်ပြီး ခဏအိပ်လိုက်တာ မနက်ကျမှနိုးရော။ အဲမှာ စတွေ့တာပဲ.. သချာင်္က မနက်အတန်းမှာ ထပ်ရမယ်။ ဒါနဲ့ ဘာလုပ်ဖို့ကျန်သေးလဲ ကြည့်လိုက်တော့ ရထားတဲ့ equation ကို Graph ထုတ်ပေးရမှာ။ စက်ထဲမှာက ကျောင်းက ပေးထားတဲ့ software မရှိဘူး။ ကျောင်းရောက်တော့ အတူတူလုပ်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ပြောပြတာပေါ့။ ဒီလိုဒီလိုပဲ အခြေနေမကောင်းဘူးလို့။ သူငယ်ချင်းတွေကလဲ သိပ်တွေဝေမနေဘူး လာ..Computer Lab သွားမယ်ဆိုပြီး သွားလိုက်တာ။ ဖြစ်ချင်တော့ ပုံမှန်သုံးတဲ့ Lab တွေက အတန်းချိန်တွေဖြစ်နေလို့ ပြည့်နေတယ်။ ဒါနဲ့ လွတ်နေတဲ့ Lab တစ်ခုထဲ ဝင်ပြီး စက်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ စက်ထဲမှာ ကျောင်းက ပေးထားတဲ့ Graphical Calculator ရှိလားလို့ ရှာလိုက်တော့… ရှိဘူး ဆြာ…။ နောက်ဆုံး online မှာ ရှာလိုက်တဲ့ အရှာမှာ။ my.hrw ဆိုတဲ့ Graphing Calculator သွားတွေ့တယ်။ တော်တော်အသုံးဝင်တယ်ဗျာ။ အဲဒီ Assignment အတွက် ကယ်တင်ရှင် ဆိုပါတော့။ တခြား ရှာလို့ရတဲ့ online graphing calculator တွေလဲရှိပါတယ်။ ဒီဟာက ပိုအဆင်ပြေတယ်ထင်လို့ အသုံးလိုရင် ရှာရလွယ်အောင်လို့ ပြန်ဝေမျှလိုက်တာပါ။ ။
RSS
