Philippines Community Service ဆိုတာ ဘာလဲလို့ ပြောပြမယ်။ သူက အကြမ်းဖျင်းပြောရရင်တော့ သူ့ title အတိုင်းပဲ Philippines သွားပြီး community service လုပ်ပေးရတာ။ အဲဒီ project ကို ကျောင်းက Electrical and Electronic Engineering Department က ဆရာတွေ ဦးစီးပြီး လုပ်တာ။ တစ်နှစ်ကို တစ်ခေါက် သွားတယ်။ တစ်နှစ်နဲ့ တစ်နှစ် ဖွဲ့တဲ့ လူဦးရေ မတူဘူး။ ဒီတစ်ခေါက် အဖွဲ့ထဲမှာ လူ ၂၈ ယောက်ပါတယ်။ ဒီ Community Service ကို ကျောင်းမှာ ဒုတိယနှစ်ပြီးရင် လုပ်ရတဲ့ Industrial Training Programme (ITP) အနေနဲ့ လဲယူလို့ရတယ်။ ဘာတွေ လုပ်ရလဲဆိုတော့၊ အိမ်ရှင် နိုင်ငံက တောင်းဆိုတဲ့ Core project တွေ လုပ်ပေးရမယ်။ ပြီးရင် Value-added project တွေ လုပ်ပေးရမယ်။ ဒီတစ်ခေါက် အသွားမှာ ပါမယ့် အစီစဉ်တွေ ကြည့်မယ်ဆိုရင်.. Core project အနေနဲ့ Teen Centre အဆောက်ဦး တစ်ခု ဆောက်ပေးရမယ်။ ပန္နက်ရိုက် မြေတူးရာမှ စလို့ အမိုးမိုး ဆေးသုတ်ပြီးတဲ့ အထိ တာဝန်ယူ လုပ်ပေးရမယ်။ ပြီးရင် elementary school တစ်ခုနဲ့ high school တစ်ခုကို မီးကြိုး သွယ်ပေးရမယ်။ အဲဒါက အိမ်ရှင်နိုင်ငံက တောင်းဆိုတဲ့ ၂၅ ရက်အတွင်း လုပ်ပေးရမယ့် project ပေါ့။
မြန်မာ့အစားစာ အနေနဲ့ ကြာဆံဟင်းခါးချက်မယ်။ ပြီးရင် အတီးမှုတ် အကပြတွေနဲ့ ဖျော်ဖြေတင်ဆက်မယ်။ ကျနော်တို့ ဒိုးပတ်ဝိုင်းပါတယ်၊ ရှမ်းတိုင်းရင်းသားအက ပါတယ်။
နောက် ကျနော်တို့က သတ်သတ်ထပ် ဖြည့်လုပ်ပေးမယ့် project တွေရှိသေးတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ Optometry က ကျောင်းသူတစ်ယောက်ပါတယ်။ သူကဦးစီးပြီး ကျနော်တို့သွားမယ့် နယ်ကလူတွေကို မျက်စိကျန်းမာရေး စစ်ဆေးပေးမယ်၊ ပညာပေး အစီစဉ်တွေ တင်ဆက်မယ်။ နောက်တစ်ခုက LEGO က စက်ရုပ် programming နဲ့ နည်းပညာကို ဟိုက နယ်ကောလိပ်တစ်ခုမှာ သင်ကြားပေးရမယ်။ တခြားတစ်ခုက အဲဒီနယ်က စီးပွားရေး ပညာရှင်တွေကို Kaya လက်တွေ့လုပ်ပြပြီး လုပ်နည်း နည်းပညာပေးမယ်။ သူတို့ကို ဆက်ပြီး ဖြန့်ချီရောင်းချခွင့် မူပိုင်သဘောမျိုးလဲ ပေးမယ်။ လက်မှုပညာအနေနဲ့က ပစ်တိုင်းထောင် လုပ်နည်း သင်ပေးတာရယ်၊ ပန်းခေါက်နည်း သင်ပေးတာရယ် ပါတယ်။
Culture night ဆိုတာလဲ ပါသေးတယ်။ အဲဒီညမှာ ကျနော်တို့ တင်ဆက်နိုင်တဲ့ နိုင်ငံမျိုးစုံက အစားသောက်တွေ တင်ဆက်ရမယ်။ မြန်မာ့အစားစာ အနေနဲ့ ကြာဆံဟင်းခါးချက်မယ်။ ပြီးရင် အတီးမှုတ် အကပြတွေနဲ့ ဖျော်ဖြေတင်ဆက်မယ်။ ကျနော်တို့ ဒိုးပတ်ဝိုင်းပါတယ်၊ ရှမ်းတိုင်းရင်းသားအကပါတယ်။ တခြား မီးတုတ်နဲ့ ကပြတာတို့၊ Diablo အလှပြတင်ဆက်တာတို့၊ ဝူရှုး ကပြဖျော်ဖြေတာတို့ ပါတယ်။
အခြား အစီစဉ်အနေနဲ့က အဲဒီနေရာမှာရှိတဲ့ လူတွေရဲ့ အိမ်ကို random လုပ်ပြီး အဖွဲ့သားတွေ တစ်ယောက်ကို တစ်အိမ် home-stay သွားနေရမယ်။ ဒီနှစ်ကို အထူးအစီစဉ်အနေနဲ့ Manila ကို သွားပြီး Philippines သမ္မတနဲ့ တွေ့ဆုံရမယ်။ ပြီးရင် Boracay ဆိုတဲ့ ကျွန်းမှာ သွားရောက် အပန်းဖြေရခွင့်ရမယ်။
အစီစဉ်တွေကတော့ မကျန်ခဲ့ဘူးဆိုရင် ဒီလောက်ပဲ။ တခြား အသေးစိတ် အစီစဉ်တွေကိုတော့ ခရီးစဉ်တစ်လျှောက်မှပဲ သိရမှာ။ ၇ ရက်နေ့ကို Singapore ကိုပြန်ရောက်မယ်။ Philippines OCS ကတော့ အဲဒီမှာတင် ပြီးသွားပြီ။ သို့ပေမယ့် ပြန်ရောက်ပြီး နောက်တစ်ရက်မှာ မောင် Harry တစ်ယောက် တရုတ်ပြည်ကို ဆက်လက်ချီတက်ပါမည်။
မသွားခင်လုပ်ရမယ့်ဟာတွေ ကလဲ တစ်ပြုံကြီးရယ်။ Food tasting အတွက် ချက်ပြီး တင်ဆက်ရမယ်။ ပစ်တိုင်းထောင်လုပ်နည်းကို တစ်ဖွဲ့လုံးသင်ပေးရမယ်။ visa လျှောက်ရမယ်။ Medical check up ဝင်ရမယ်။ BE constructional training ဆင်းရမယ်။ Electrification briefing တက်ရမယ်။ Costal Cleaning community service သွားပေးရမယ်။
အခု သွားလိုက်ဦးမယ်။ Sungei Buloh ဆိုတဲ့နေရာသွားရမှာ။ ပြန်လာရင် အဲအကြောင်းပြောပြမယ်။
ဒါနဲ့.. Philippines ခရီးစဉ်တစ်လျှောက်ကို တစ်နေ့တာ လုပ်ခဲ့သမျှကို Log Book ရေးဖို့အစီစဉ်ရှိတယ်။ ပြန်လာမှ ဖြစ်စေ၊ ဟိုမှာ connection ရရင်ဖြစ်စေ ကြုံသလို စုပြုံပြီး တင်မယ်။ ဖတ်ဖို့သာစောင့်နေပေတော့ =)
ရွှင်လန်းချမ်းမြေ့ကြပါစေ ။ ။
